စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာမြို့) ၁၃၇၇ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ


မုံရွာ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စစ်ကိုင်း တိုင်းဒေသကြီး (မုံရွာမြို့) ၁၃၇၇ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို ဧပြီလ(၁၂)ရက်၊ ညနေ(၅)နာရီခွဲအချိန်က မုံရွာမြို့၊ မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းနှင့်ဇနီး ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် တိုင်းဒေသကြီး ခရိုင် မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ယိမ်းအလှပျိုဖြူလေးများ၊ အလှပြယာဉ်အဖွဲ့များနှင့် ပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဗဟိုမဏ္ဍပ်ကြီးကြပ်မှုကော်မတီမှ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီးတို့ ထံသို့ နှစ်သစ်ကူး ဂါရ၀ပြုလက်ဆောင်ဖလားကို ပေးအပ်၍ စစ်ကိုင်းတိုင်း ဒေသကြီး (မုံရွာမြို့) ၁၃၇၇ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ၏ နှစ်သစ်ကူးအကြို နှုတ်ခွန်း ဆက်လွှာကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း က ဖတ်ကြားသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး(မုံရွာမြို့)၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်အား စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေ သကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးသန်းညွန့်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ထို့နောက် ဗဟိုမဏ္ဍပ် နှင့် ဖျော်ဖြေရေးမဏ္ဍပ်များမှ ယိမ်းအလှပျို ဖြူလေးများက မန်းတောင်ရိပ်ခို သီချင်းဖြင့် တစ်ပြိုင်တည်း ကပြဖျော်ဖြေကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက် လာကြသော ဧည့်သည်တော်များက အမွှေး နံ့သာရည် တို့ကို သပြေခက်များဖြင့် မဟာသင်္ကြန်ရေ ပက်ဖျန်းကြသည်။

ထို့နောက် အလှပြယာဉ်အဖွဲ့များက အလှည့်ကျ ဖျော်ဖြေကြပြီး ဗဟိုမဏ္ဍပ်မှ ယိမ်းအလှပျို ဖြူလေးများက ပြန်လည် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာမြို့) ၁၃၇၇ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ  စစ်ကိုင်းတိုင်းဒေသကြီး (မုံရွာမြို့) ၁၃၇၇ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.