ရန်ကုန်မြို့ကို မြို့ပြစီမံကိန်းနဲ့ ပြောင်းလဲမည်


ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ခုံးကျော်တံတားတွေ တည်ဆောက်ရုံနဲ့ မဖြေရှင်းနိုင်သလို ဆက်စပ်နေတဲ့ ပြဿနာအားလုံးကို တစ်ပြိုင်နက်တည်း စီမံခန့်ခွဲဖြေရှင်းနိုင်မယ့် မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲပြီး လက်ရှိအစိုးရသက်တမ်းအတွင်း ပြန်လည်တည်ဆောက်သွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ရန်ကုန်မြို့အလုံလမ်းမှာရှိတဲ့ ဝန်ကြီးချုပ်ရဲ့နေအိမ်မှာ RFA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရန်ကုန်မြို့ပြစီမံကိန်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလိုပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ၂၀၁၆-၂၀၁၇ အသုံးစရိတ်ဘဏ္ဍာငွေဟာ ကျပ်ဘီလီယံ ၃၃၀ ကျော်ရှိပြီး အများဆုံးက စည်ပင်သာယာရေးဝန်ကြီးဌာနအတွက်ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုဖက်က မြို့သစ်စီမံကိန်းဟာ အရင်အစိုးရလက်ထက်ကတည်းက ဆုံးဖြတ်ထားတဲ့ ဂျပန်ဖံွ့ဖြိုးရေးအစီအစဉ် JICA နဲ့ ပူးတွဲအကောင်အထည်ဖော်မယ့် ရန်ကုန်မြို့တိုးချဲ့ရေးစီမံကိန်းထဲက ဒုတိယအဆင့် စီမံကိန်းဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေ အကောင်အထည်ဖော်မယ့်နေရာတွေမှာ ငွေကြေးရှိသူတွေက မြေဈေးကစားနေတာကို သိရှိရသလို ရေရှည်မှာ ပိုဆိုးလာမှာကိုလည်း စိုးရိမ်တဲ့အတွက် ထိန်းချုပ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ရန်ကုန်သင်္ကြန်မှာ မဏ္ဍပ်တွေကို အမှီပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ ဖြစ်မလာအောင် ထိန်းချုပ်သွားမှာဖြစ်သလို စီးပွားဖြစ်မဏ္ဍပ်တွေကိုသာ ခွင့်ပြုမိန့် ပိတ်ပင်ခဲ့တာဖြစ်ကြောင်းနဲ့ မဏ္ဍပ်အရေအတွက်က ၁၇ ခုတောင်မရှိကြောင်း အစိုးရအနေနဲ့ ရန်ကုန်မြို့ထဲမှာတင် သင်္ကြန်မဏ္ဍပ်တွေ စုပြုံနေတာမျိုးမဖြစ်အောင် ခရိုင်အဆင့်တွေမှာလည်း ရေကစားမဏ္ဍပ်တွေ များလာအောင် ဆောင်ရွက်ပေးထားကြောင်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ရန်ကုန်မြို့ကို မြို့ပြစီမံကိန်းနဲ့ ပြောင်းလဲမည်  ရန်ကုန်မြို့ကို မြို့ပြစီမံကိန်းနဲ့ ပြောင်းလဲမည် Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.