သျှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ မိုးသက်လေပြင်းတိုက်ခတ် ပျက်စီးမှုများပြား


ဧပြီလ ၁၀ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဧပြီလ ၉ ရက် စနေနေ့ညနေ က လေပြင်းမုန်တိုင်း တိုက် ခတ်လို့ ကျင်းပနေဆဲ ယန်းပူးကျောင်းတိုက်က ဆရာတော် ဦးဇောတိက သတ္ထမ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆွတ်ခူး ရရှိခြင်း ဂုဏ်ပြုအခမ်းအနားက ပြခန်းတချို့နဲ့ ဆိုင်းဘုတ်၊ အလှဆင် ထား တဲ့ နေရာတော်တော်များများ လွင့်ပါပျက်စီးခဲ့တယ်လို့ ကျောင်းသား စိုင်းခမ်းက ပြောပါ တယ်။

“လေကရုတ်တရက်ကြီး ဝင်မွှေ့သွားတာ ။ တအားပြင်းတော့ ဆိုင်းဘုတ်တွေ ဘာတွေတောင် လွှင့်တယ်။ မိုးသီးတော့မကျဘူး။ ”

ဆရာတော်ကိုဂုဏ်ပြုတဲ့အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့မှာကျင်းပခဲ့ တာဖြစ် ပါတယ်။


တနင်္ဂနွေနေ့ မနက် ၁ နာရီလောက်မှာတော့ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ နယ်မှာ လေပြင်း မုန်တိုင်းတိုက် ခတ်လို့ လူနေအိမ်အမြောက် အများပျက်စီး ခဲ့ရ ပါတယ်။ ဓါတ်တိုင်တွေ၊ သစ်ပင်ကြီး တွေ ကျိုးကျတာတွေ၊ အိမ်ခေါင် မိုးတွေအတွဲလိုက် လေနဲ့လွှင့်ပါသွားပါတယ်။ သို့ပေမယ့် ထိခိုက် ဒဏ်ရာရ မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။

အလားတူ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့နဲ့ ချင်းမိုင်မြို့ မြောက် ဘက်ခြမ်း မှာလဲ ဧပြီလ ၉ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသီးကြီးေ တွကြွေကျလို့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့တယ် လို့သိရပါတယ်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သျှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ မိုးသက်လေပြင်းတိုက်ခတ် ပျက်စီးမှုများပြား  သျှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ မိုးသက်လေပြင်းတိုက်ခတ် ပျက်စီးမှုများပြား Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.