ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ညီညွတ်မှုရှိဖို့ လိုအပ်

ဓါတ်ပုံ ( ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ တွေ့ဆုံကြစဉ်)
နိုင်ငံတော်ကို အကာအကွယ်ပေးတဲ့ တပ်မတော်၊ ၀န်ထမ်းတွေနဲ့ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ဖို့ လိုအပ်တဲ့အကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သူ့ရဲ့ ပထမဆုံးအကြိမ် ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်သစ် ဒေါက်တာခက်အောင်က အခုလို ပြောပါတယ်။

ဒါ့အပြင် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်သလို အခွန်ကောက်ခံရာမှာ ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ ရာထူးတိုးတက်ရေးကိစ္စအတွက် နယ်ဒေသမှာ လာရောက် တာဝန်ထမ်းဆောင်ရတယ်ဆိုတဲ့ သဘောမျိုးမထားကြဘဲ ကချင်ပြည်နယ် ဖွံ့ဖြိုးစေရေးအတွက် အားတက်သရော ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ လွှတ်တော်မှာ ကချင်ပြည်နယ်အစိုးရ ၀န်ကြီး ၆ ဦး ကတိသစ္စာပြုလိုက်ပါတယ်။ စည်ပင်သာယာရေးဝန်ကြီး ဖြစ်သူ ဦးနေ၀င်းက ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ တည်ငြိမ်အောင် အရင်ဆုံးကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေဖြစ်တဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လမ်း ပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန် ကြီး ဦးမြသိန်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်၊ စည်ပင်သာ ယာရေးဝန်ကြီး ဦးနေဝင်း နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ ဒီကနေ့ ပြည်နယ်လွှတ်တော်မှာ ကတိသစ္စာပြုခဲ့ကြတာပါ။

အဲ့ဒီဝန်ကြီး ၆ ဦးမှာ ၅ ဦးက အန်အယ်လ်ဒီပါတီက ဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် တစ်ဦးသာ ပြင်ပက ပညာရှင်ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ညီညွတ်မှုရှိဖို့ လိုအပ်  ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ညီညွတ်မှုရှိဖို့ လိုအပ် Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.