ရန်ကုန်နှစ်သစ်ကူး အတာသင်္ကြန်ရိုးရာပွဲတွင် သင်္ကြန်ကားဈေးကွက်များ ကျဆင်း


ရန်ကုန် ဧပြီ ၁၂

ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာတို့၏ နှစ်သစ်ကူးအတာ သင်္ကြန်ရိုးရာပွဲတွင် မြန်မာနိုင်ငံ၏ အချက်အချာကျပြီး အထင်ကရ မြို့တော်ကြီးဖြစ်သည့် ရန်ကုန် မြို့ကြီးတွင် ယခင်နှစ်များကဲ့သို့ စီးပွားဖြစ်မဏ္ဍပ်ကြီးများ မရှိခြင်း ကြောင့် သင်္ကြန်ကာလတွင် ရေပက်ခံ ကားဈေးကွက်မှာလည်း သိသိသာသာ ကျဆင်းလျက်ရှိ ကြောင်း နှစ်စဉ်ရေပက်ခံကား လိုက်လံငှားပေးသူတစ်ဦးထံမှ သိရ သည်။

''ဒီနှစ်က ရေပက်ခံကားဈေးကွက် နဲ့ပတ်သက်လို့ကတော့ အခြေအနေ သိပ်မကောင်းဘူးလို့ ပြောရမယ်။ မဏ္ဍပ်တွေကလည်း အရင်နှစ်တွေလို တကယ်အထင်ကရ ရေကစားတဲ့ မဏ္ဍပ်ကြီးတွေ မရှိတော့ဘူး။ အရင်ကဆို ကန်တော်ကြီးပတ်လမ်း တို့၊ အင်းလျားတို့မှာဆို အနည်းဆုံး မဏ္ဍပ် ၂ဝ လောက်ရှိတယ်။ ခုအစိုးရ သစ်က အယ်နီညိုကြောင့်လား၊ လူငယ်တွေ သင်္ကြန်မှာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပျက်စီးမှုတွေကြောင့်လား၊ ရိုးရာသင်္ကြန်ကို အကြောင်းပြပြီး စီးပွားဖြစ် မဏ္ဍပ်တွေကြောင့်လား ဘာကြောင့်လဲတော့မသိဘူး။ သတင်း စာတွေ၊ ဂျာနယ်တွေထဲမှာတော့ ဒီနှစ်မှာ စီးပွားဖြစ်မဏ္ဍပ်ကြီးတွေ ကန့်သတ်လိုက်တယ်လို့တော့ ဖတ် လိုက်ရတယ်။ အဲဒီလိုကန့်သတ် လိုက်တော့ ကျွန်တော်တို့သင်္ကြန် လည်ပတ်လိုက်တဲ့ ကားဈေးကွက် တွေကျတော့ အခက်တွေ့တာ ပါ''ဟု နှစ်စဉ်သင်္ကြန်ရက်များတွင် သင်္ကြန်ကား အငှားလိုက်နေသော တာမွေမြို့နယ်မှ ကိုမိုးဝေက ပြော သည်။

ယခုနှစ် သင်္ကြန်ကားဈေးကွက် တွင် လိုက်အေ့(စ်)တစ်စီး အနည်းဆုံး တစ်သိန်းဝင်းကျင်မှ လည်ပတ်မည့် ရက်အလိုက် ငွေကျပ်တစ်သိန်းခွဲ ဝန်းကျင်အထိ ပေါက်ဈေးခေါ်ကြ သော်လည်း ယနေ့အထိ သင်္ကြန်ကား ငှားရမ်းမှုမှာ အေးစက်လျက်ရှိသည်။ ယခင် သင်္ကြန်နှစ်များကဆိုလျှင် သင်္ကြန်မကျမီ တစ်ပတ်ကြိုကတည်း က သင်္ကြန်ကားဈေးကွက်မှာ သိသိ သာသာလှုပ်ခတ်လျက်ရှိပြီး သင်္ကြန် ကာလရောက်လျှင် သင်္ကြန်ကားငှားဖို့ လုံးဝမလွယ်ကူတော့ကြောင်း ယခင် နှစ်အတာသင်္ကြန်ရက်များတွင် ကား ငှားလည်ပတ်သူများ အသိုင်းအဝိုင်း မှ သိရသည်။

နှစ်သစ်ကူး ဒီနှစ်သင်္ကြန်မှာ ခါတိုင်းနှစ်တွေလို၊ လည်ပတ်ဖို့ရော၊ မဏ္ဍပ်ထိုင်ဖို့လည်း ခုချိန်ထိတော့ စိတ်မရှိသေးဘူး။ သူငယ်ချင်းတွေ ကလည်း တချို့က သင်္ကန်းဝတ်ကြ တယ်။ တချို့က အထက်မန္တလေးကို သွားကြတယ်။ မန္တလေးမှာက လေးဖြူ တို့အဖွဲ့ရှိတယ်။
''ဒီနှစ်ရန်ကုန်မှာက ထူးထူး ခြားခြားခါတိုင်းနှစ်တွေလို သိပ် အသံမကြားရဘူး။ မနှစ်ကဆို အကြတ်တစ်ရက်ရော၊ နောက်ဆုံး နေ့ အတက်တစ်ရက်ပါ သူငယ်ချင်း တွေနဲ့ပေါင်းပြီး ကားငှားလည်ဖြစ် တယ်။ ဒီနှစ်တော့ ကားငှားလည် ဖြစ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် ဘယ်မဏ္ဍပ်မှာ ရေဆော့ ဖြစ်မလဲတော့ မသိသေးဘူး''ဟု ဗဟန်းမြို့နယ်မှ လူငယ်တစ်ဦးဖြစ် သည့် မောင်မြတ်မင်းသူက ပြော သည်။

ရန်ကုန်မြို့အနေဖြင့် ယခုနှစ် နှစ်သစ်ကူးအတာသင်္ကြန်တွင် ဝန်ကြီး ချုပ်သစ်က စီးပွားဖြစ်သင်္ကြန်ကို အကြောင်းပြ၍ စီးပွားဖြစ်မဏ္ဍပ် ကြီးများကို ဆောက်လုပ်ခွင့်မပြုရန် ပိတ်ပင်တားမြစ်ခဲ့သော်လည်း ပေ ၁ဝဝ အထက် ရေကစားမဏ္ဍပ်ကြီး ၁၉ ခု၊ မဏ္ဍပ်လတ်နှစ်ခုနှင့် ရေကစား မဏ္ဍပ်ငယ် ၁၈၉ ခု တည်ဆောက် ရေကစားခွင့်ပြုထားသည်။ ပေ ၁ဝဝ အထက်ရေကစားမဏ္ဍပ် ၁၉ ခုတွင် မြို့တော်ခန်းမရှေ့ရှိ ဗဟို မဏ္ဍပ်၊ အရှေ့ပိုင်းခရိုင်မဏ္ဍပ်၊ တောင်ပိုင်းခရိုင်မဏ္ဍပ်၊ အနောက်ပိုင်း ခရိုင်မဏ္ဍပ်နှင့် မြောက်ပိုင်းခရိုင် မဏ္ဍပ်တို့အပြင် မြန်မာ့အမျိုးသား လေကြောင်းနှင့် မြန်မာ့လျှပ်စစ် ဓာတ်အားဖြန့်ဝေရေးမဏ္ဍပ် စုစုပေါင်း ခုနစ်ခုနှင့် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၁၂ ခုတို့ကို ခွင့်ပြုထားကြောင်း သိရ သည်။

သတင်း-မင်းခေတ်၊ ဓာတ်ပုံ-မိုးမခ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်နှစ်သစ်ကူး အတာသင်္ကြန်ရိုးရာပွဲတွင် သင်္ကြန်ကားဈေးကွက်များ ကျဆင်း  ရန်ကုန်နှစ်သစ်ကူး အတာသင်္ကြန်ရိုးရာပွဲတွင် သင်္ကြန်ကားဈေးကွက်များ ကျဆင်း Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.