အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဘုရားကျောင်း မီးလောင်ပေါက်ကွဲမှုတွင် လူ ၁၀၀ ကျော်သေဆုံး၊ ၃၅၀ ဒဏ်ရာရ

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဘုရားကျောင်း မီးလောင်ပေါက်ကွဲမှုအား တွေ့ရစဉ် (ဆင်ဟွာ)
    နယူးဒေလီ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ်၊ ကိုလ်လမ်ခရိုင်၊ ပါရာဗာမြို့ရှိ နာမည်ကျော် Puttingal Devi ဘုရားကျောင်း၌ ဧပြီလ ၉ ရက်နံနက်အစောပိုင်းက မီးရှူးမီးပန်းပွဲတော် ပြုလုပ်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးကာ ၃၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၃း၀၀ နာရီအချိန်၌ ဝတ်ပြုသူများက မီးရှူးမီးပန်းများဖြင့် ပွဲတော်ကျင်းပနေစဉ် မီး လောင်ပေါက်ကွဲခဲ့ပြီး ဝတ်ပြုသူများဖြင့် ပြည့်ကျပ်နေသည့် ဘုရားကျောင်းရှေ့ ဥပစာပိုင်းအား လောင်ကျွမ်း ခဲ့သည်။

မီးသတ်သမားများက မီးအား ထိန်းချုပ်နိုင်ခဲ့ကာ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

စတိုခန်း၌ ဗြောက်အိုးများနှင့် မီးရှူးမီးပန်းလုပ်ငန်းသုံး ပစ္စည်းများ အပြည့်သိုလှောင်ထားရာမှ ယခုကဲ့သို့ ပေါက် ကွဲရခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားရာသို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ သွားရောက်ခဲ့ကြောင်း ၎င်း၏ တွစ် တာ အကောင့်၌ ရေးသားထားပြီး သေဆုံးခဲ့သူများနှင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများအတွက်လည်း ပြောမပြ နိုင်လောက်အောင် ဝမ်းနည်းကြေကွဲပြီး တုန်လှုပ်မိကြောင်း ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဘုရားကျောင်း မီးလောင်ပေါက်ကွဲမှုတွင် လူ ၁၀၀ ကျော်သေဆုံး၊ ၃၅၀ ဒဏ်ရာရ  အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဘုရားကျောင်း မီးလောင်ပေါက်ကွဲမှုတွင် လူ ၁၀၀ ကျော်သေဆုံး၊ ၃၅၀ ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.