အင်ဒိုနီးရှားနိုင်ငံ တွင် ခရီးသည်တင်လေယာဉ် တစ်စီး အင်ဂျင်မီးလောင်၍ အရေးပေါ် ဆင်းသက်ခဲ့ရ

အင်ဒိုနီးရှားနိုင်ငံBanjarmasin မြို့ ရှိ Sjamsuddin Noor လေဆိပ် အားတွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)
    ဂျာကာတာ၊ ဧပြီ ၁၆ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း South Kalimantan ပြည်နယ်ရှိ လေဆိပ်တစ်ခု တွင် ခရီးသည် တင်လေယာဉ် တစ်စီး သည် ဧပြီလ ၁၅ရက်က လေဆိပ်မှ ထွက်ခွာလာစဉ် အင်ဂျင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင် မှုကြောင့် ထိခိုက် ဒဏ်ရာရရှိ သူမရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။

Banjarmasin မြို့ ရှိ Sjamsuddin Noor လေဆိပ်၌ Kalstar ATR 72 ခရီးသည်တင်လေယာဉ်သည် လေဆိပ်မှ ဒေသစံတော်ချိန် ၁၂း၀၀နာရီတွင် ထွက်ခွာလာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လေယာဉ် ပေါ်တွင် လိုက်ပါလာသူ ၃၆ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း Julius Avirada Barata က ပြောကြားခဲ့သည်။

၎င်းက လေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် လေယာဉ်၏ အင်ဂျင်တစ်လုံး မီးလောင်ကျွမ်းခဲ့သော်လည်း ကျန် အင်ဂျင် တစ်လုံး ဖြင့် လေဆိပ်သို့ ချောမွေ့စွာ ပြန်လည် ဆင်းသက် နိုင်ခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

Barata က လေယာဉ် ပေါ်တွင် လိုက်ပါလာသူ ခရီးသည်များနှင့် ဝန်ထမ်းများအားလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၄င်းတို့အား လုပ်ရိုးလုပ်စဉ် အရ ဆေးစစ်ရန် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

၎င်းက ယင်းလေယာဉ် သည် Kota Baru မြို့သို့ ဦးတည်ပျံသန်းနေခြင်းဖြစ်ပြီး ယခုအခါတွင် ၄င်းအား လေယာဉ်ရုံအတွင်းသို့ ပို့ဆောင်ထားကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားနိုင်ငံ တွင် ခရီးသည်တင်လေယာဉ် တစ်စီး အင်ဂျင်မီးလောင်၍ အရေးပေါ် ဆင်းသက်ခဲ့ရ  အင်ဒိုနီးရှားနိုင်ငံ တွင် ခရီးသည်တင်လေယာဉ် တစ်စီး အင်ဂျင်မီးလောင်၍ အရေးပေါ် ဆင်းသက်ခဲ့ရ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.