မိုးသီးများကြွေကျ




မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ဒီနေ့ ညနေ ၃ နာရီခွဲကနေ ၄ နာရီ ၁၅ မိနစ်အထိ မိုးသီးတွေ ကြွေကျတဲ့အတွက် ဒေသခံတွေ အံ့အားသင့်ခဲ့ရပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က မိုးသီးကြွေတာ ၊ လေပြင်းတိုက်ခတ်တာ တွေဟာ မြန်မာနိုင်ငံ နေရာအတော်များများမှာ လာမယ့် ၃ ရက်အတွင်း ဆက်လက်ဖြစ်နေမယ်လို့ ဒီကနေ့ အာအက်ဖ်အေက မေးရာမှာ ပြောပါတယ်။

မနေ့ညက ပြင်ဦးလွင်မြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ဓါတ်တိုင်တွေ လဲပြိုကုန်ပြီး မီးပျက်သွားပါတယ်။

ဓါတ်ပုံ မူရင်း - ဦးစိုးမြင့် (အမရပူရမြို့နယ်)မှ မျှဝေပါသည်။
RFA Burmese
https://www.facebook.com/RFA-Burmese
မိုးသီးများကြွေကျ  မိုးသီးများကြွေကျ Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.