ကယားပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ


၂၀၁၆ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော် ဧပြီ ၁၂

ကယားပြည်နယ်၊ ၂၀၁၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၁၂) ရက်နေ့၊ ညနေ(၅)နာရီအချိန်က လွိုင်ကော်မြို့၊ နောင်ယားကန်သာယာဘေးရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ် ကျင်းပသည်။

ရှေ့ဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၇၇-၁၃၇၈ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကို ပြည်နယ် ၀န်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ဆက်လက်ပြီး ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ယိမ်းအကအဖွဲ့များအား အတာရေများ ပက်ဖျန်းပေးပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယား ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဋ္ဌ ၊ ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ယနေ့ည(၇)နာရီအချိန်တွင် ကယားပြည်နယ်၊ ၂၀၁၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့ဝင်များက သင်္ကြန်အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခြင်း များကို ဆက်လက်ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ကယားပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ  ကယားပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.