တူရကီနိုင်ငံ အနောက်မြောက်ပိုင်းတွင် အသေခံ ဗုံးခွဲမှုကြောင့် ၁ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိ

အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် Ulu ဗလီ နားသို့ ရဲတပ်ဖွဲ့များ ရောက်ရှိလာစဉ် (ဓာတ်ပုံ-ဆင်ဟွာ)
    အစ္စတန်ဘူလ်၊ ဧပြီလ ၂၈ ရက် (ဆင်ဟွာ)

    တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Bursa မြို့တွင် ဧပြီလ ၂၇ ရက်က အသေခံ ဗုံးခွဲမှု တစ်ခု ဖြစ်ပွားခဲ့၍ အသေခံ ဗုံးခွဲသူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ မီဒီယာ က ဖော်ပြခဲ့သည်။

Bursa အစိုးရရုံးက အသေခံ ဗုံးခွဲ တိုက်ခိုက်သူ အမျိုးသမီးသည် မြို့တော်၏ ထင်ရှားသော Ulu ဗလီ အနီးအနား တွင် အသေခံ ဗုံးခွဲမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဒဏ်ရာ ရရှိသူများသည် အခြေအနေ မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

မီဒီယာများ၏ ဖော်ပြချက်အရ ဗုံးပေါက်ကွဲချိန်တွင် ဗလီအတွင်း၌ ဈာပန ဆုတောင်းမှု ပြုလုပ်နေကြောင်း သိရသည်။
အစ္စတန်ဘူလ်မြို့နှင့် တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် လွန်ခဲ့သည် လအနည်းငယ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  (Xinhua)
http://www.xinhuamyanmar.com/world/41-africa-middle-east/4132-2016-04-28-06-32-39
တူရကီနိုင်ငံ အနောက်မြောက်ပိုင်းတွင် အသေခံ ဗုံးခွဲမှုကြောင့် ၁ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိ  တူရကီနိုင်ငံ အနောက်မြောက်ပိုင်းတွင် အသေခံ ဗုံးခွဲမှုကြောင့် ၁ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:41 Rating: 5
Powered by Blogger.