စစ်ကိုင်းတိုင်း အလယ်ပိုင်းကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၉ ပြင်အားရှိ ငလျှင်လှုပ်

မြေငလျင်သတင်း အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့ ၁၃-၄-၂၀၁၆ ည(၈း၅၅) နာရီအချိန် (၁၃-၄-၂၀၁၆)ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ၂၀း၂၅း၁၇ နာရီ(ည ၈း၂၅း၁၇ နာရီ)အချိန်တွင် မော်လိုက်မြို့၏အရှေ့တောင်ဖက် ၇၄ ကီလိုမီတာ(၄၆ မိုင်) အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုလျက် အင်းအား ရစ်ခ်ျတာစကေး ၆.၉ ရှိ ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ပြည်ထောင် USGS တိုင်းတာရေးစခန်းမှ တိုင်းတာရရှိခဲ့ပါတယ်။

 ဒေါက်တာထွန်းလွင်

ဓါတ်ပုံ - USGS 
Nearby Places

    74.0 km (46.0 mi) SE of Mawlaik, Burma
    103.0 km (64.0 mi) NW of Shwebo, Burma
    115.0 km (71.5 mi) NNW of Monywa, Burma
    165.0 km (102.5 mi) W of Mogok, Burma
    396.0 km (246.1 mi) NNW of Nay Pyi Taw, Burma

အခုလေးတင်ဧပြီလ ၁၃ ဒေသစံတော်ချိန် ည၈း၂၅ မှာ ရေဦး၊ ကန့်ဘလူမြို့ အနောက်ဖက် ၇၀ကီလိုမီတာအကွာ၊ ချင်းတွင်းမြစ်ကမ်းအနီးတဝိုက် ဗဟိုပြု၍ အင်အား ပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ပမာဏ ၇.၁ ဖြစ်ပြီးး အနက် ၁၂၂ ကီလိုမီတာ ဖြစ်ကြောင်း ကနဦးသတင်းများမှာ သိရပါသည်။ ငလျင်ကော်မီတီသို့ ဆက်သွယ် သတင်းပေးပို့သည်များ ရရှိပါသည်။

 ယခုငလျင်သည် အင်အားပြင်း ငလျင်ဖြစ်သောကြောင့် စောက်နက်သော်လည်း တနိုင်ငံလုံးက ငလျင်အရှိန် ခံစားရကြောင်း သိရပါသည်။ သက်ဆိုင်ရာ မြို့နယ်များအလိုက် မိမိတို့ ကြုံတွေ့ သိရသော အချက်အလက်များအား ကွန်မန့်နေရာ၌ တင်ပြပေးကြပါရန် မေတ္တာရပ်ခံပါသည်။

 ငလျင်ဗဟိုချက်နှင့် အနီးဆုံး ဖြစ်သော ပြင်ကိုင်း၊ သက်ကယ်ကျင်း၊ ဘုံမဇင်း စသော ကျေးရွာများ၏ အခြေအနေအားလည်း စုံစမ်းကြည့်ကြပါရန် နီးစပ်သူများအား တိုက်တွန်းပါသည်။ အထပ်မြင့်နေသူများက မည်သည့် အလွှာက သိရှိရကြောင်း ဖေါ်ပြပေးစေချင်ပါသည်။

Myanmar Earthquake Committee
https://www.facebook.com/MyanmarEarthquakeCommittee/
စစ်ကိုင်းတိုင်း အလယ်ပိုင်းကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၉ ပြင်အားရှိ ငလျှင်လှုပ်  စစ်ကိုင်းတိုင်း အလယ်ပိုင်းကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၉ ပြင်အားရှိ ငလျှင်လှုပ် Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.