ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား


ကျောက်ဆည်၊ ဧပြီ ၉

ကျောက်ဆည်မြို့ဆူးကုန်းရပ်ကွက်၊ရုံးကြီးလမ်းနှင့်တရားရုံးလမ်းထောင့်ရှိ လူနေအိမ်တစ်လုံး ဧပြီ(၉)ရက်ည၉ နာရီ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာအဲယားကွန်းအပူလွန်ကဲရာမှ စတင်မီးလောင်မှုဇြစ်ပွားကြောင်းသိရှိရပြီး မီးလောင်ရာသို့ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ဦးဇင်ထွန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်သူ/ရပ်ကွက်သားများက မီးငြိမ်းသတ်ယာဉ်(၃)စီး၊ရေသယ်ယာဉ်(၃)စီးနှင့် မီးသတ်ဆေးဗူး၊အနီးအနားရှိရေအိပ်၊သဲ၊မီးချိပ်၊မီးကပ်များဖြင့် ဝိုင်ဝန်းငြိမ်းသတ်ရာ၉ နာရီ ၅၀မိနစ်ခန့်တွင် မီးထိမ်းနိုင်ခဲ့ကြောင်းသိရှိရသည်။


မီးလောင်မှုကြောင့် (၃၀×၂၀)ပေ၊သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း၊အပေါ် ထပ်နှင့်အဲယားကွန်းတစ်လုံး၊နားသန့်စက်တစ်လုံး၊(SUCTION MACHINE) လျှပ်စစ်ရေနွေအိုးတစ်လုံးဆုံးရှုံးခဲ့ပြီး အိမ်ရှင်ဒေါက်တာဌေးအောင် အား ကျောက်ဆည်မြို့၊မြို့မရဲစခန်းမှ(ပ)၂၃၅/၂၀၁၆ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သက်မောင် (ကျောက်ဆည်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား  ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.