ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ဝန်ကြီးဌာန လေးခုမှ နှစ်ခု လွှဲပြောင်းမည်ဟု ဆို

ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစု တာဝန် ယူထားသည့် ဝန်ကြီးဌာန လေးခုမှ နှစ်ခုကို ပြန်လည်လွှဲပြောင်းကာ ဝန်ကြီးနှစ်ဦး ထပ်မံခန့်အပ် သွားမည့် သတင်းတစ်ရပ် ထွက်ပေါ်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှစ်ခုအားလွှဲပြောင်းရန် ကနဦး သတင်းကြား သိရသည်။

“ပညာရေးဝန်ကြီးအဖြစ် ဦးမျိုးသိန်းကြီး၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးအဖြစ်ဦးဖေဇင်ထွန်း တို့ကို တင်မှာ”ဟု ဦးဝင်းထိန်ကပြောသည်။

နိုင်ငံတော်သမ္မတက လွှတ်တော်သို့အဆိုပြုတင်ပြသွားမည်ဖြစ်သည်။ ဧပြီ ၄ ရက်နေ့ ကျင်းပမည့် လွှတ်တော်အစည်း အဝေးအစီအစဉ်တွင် ထည့်သွင်းဖော်ပြထား သည်။

စာရင်းစစ်ချုပ်နှင့် ရှေ့နေချုပ်
------- ---- ---- ---

ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် ဦးထွန်းထွန်းဦး နှင့် ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ဦးမော်သန်း လျာထားထားကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည်။

ဦးထွန်းထွန်းဦးမှာ လက်ရှိရှေ့နေချုပ် ဦးထွန်းထွန်းဦး မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ကိုပေါက်

The Ladies News
https://www.facebook.com/News.TheLadies



ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ဝန်ကြီးဌာန လေးခုမှ နှစ်ခု လွှဲပြောင်းမည်ဟု ဆို  ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ဝန်ကြီးဌာန လေးခုမှ နှစ်ခု လွှဲပြောင်းမည်ဟု ဆို Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.