ဂျော်ဂျီယာနိုင်ငံတွင် ယူရေနီယံ သတ္တု မှောင်ခိုကူးမှုဖြင့် လူ ၆ဦးအား ဖမ်းဆီး

ရေဒီယို သတ္တိကြွ ယူရေနီယံ သတ္တုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    တဘီလီဆီ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

    ဂျော်ဂျီယာနိုင်ငံ တွင် ရေဒီယို သတ္တိကြွ ယူရေနီယံ-၂၃၈ အား တရားမဝင် မှောင်ခိုကူးသည့် လူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဧပြီလ ၁၈ ရက်ကပြောကြားခဲ့သည်။

တရားခံများ အား ဖမ်းမိချိန်တွင် ၄င်းတို့ တစ်ဦးချင်းစီသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ နျူကလီးယားပြုလုပ်သည့် ယူရေနီယံ သတ္တု ကို တဘီလီဆီမြို့ ၌ ရောင်းချရန် စီစဉ်နေကြောင်း ဂျော်ဂျီယာနိုင်ငံ လုံခြုံရေး ဋ္ဌာနကပြောကြားခဲ့သည်။

တရားရုံးက ဂျော်ဂျီယာနိုင်ငံသား သုံးဦး နှင့် အာမေးနီးယားနိုင်ငံသား သုံးဦးပါဝင်သည့် သံသယရှိသူ ၆ ဦးအား ရုံးတင်စစ်ဆေးရန် အချုပ်ချထားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယူရေနီယံ ပမာဏကိုမူ ဖော်ပြခြင်းမရှိကြောင်း သိရသည်။

ဇန်နဝါရီလတွင်လည်း ဂျော်ဂျီယာနိုင်ငံ တွင် ရေဒီယို သတ္တိကြွ cesium-137 အား တရားမဝင် မှောင်ခိုကူးသည့် လူ ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂျော်ဂျီယာနိုင်ငံတွင် ယူရေနီယံ သတ္တု မှောင်ခိုကူးမှုဖြင့် လူ ၆ဦးအား ဖမ်းဆီး  ဂျော်ဂျီယာနိုင်ငံတွင် ယူရေနီယံ သတ္တု မှောင်ခိုကူးမှုဖြင့် လူ ၆ဦးအား ဖမ်းဆီး Reviewed by THITHTOOLWIN on 14:54 Rating: 5
Powered by Blogger.