သာယာဝတီထောင်မှပြန်လည်ခေါ်ယူထားသော ဗကသကျောင်းသားခေါင်ဆောင် (၄) ဦးအားလွှတ်လိုက်ပြီ


ဗကသကျောင်းသား ခေါင်းဆောင်များ ဖြစ်သော ကိုနန္ဒစစ်အောင်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် နှင့် ဂျိမ်းစ် (ခ)ကိုလင်းထက်နိုင်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းသားများ အနေဖြင့် ယနေ့ည တွင် ရွှေတိဂုံဘုရားသို့ ဖူးမျှော်ကြမည်ဖြစ်ကြောင်းသိရပြီး လက်ရှိအချိန်တွင် ဥက္ကံမြို့တွင် ရောက်ရှိနေကြပြီး ပြန်လည် လွှတ်ပေး လိုက်သော ကျောင်းသားများအား စောင့်ကြို နေကြောင်း၊ ထိုမှ ရန်ကုန်မြို့သို့ ရောက်ရှိ လာမည် ဖြစ်ကြောင်း သိရသည်။

ကနဦး သတင်းများအရ သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ၆၉ ဦး ကို တရားရှင်လွှတ်ပေး လိုက်သော်လည်း ရန်ကုန်တိုင်းဒေသကြီး အချို့တွင် ပုဒ်မ၁၈၊ ၅၀၅(ခ)တို့ဖြင့် တရားဆွဲဆို ခံထားရသော အမှုများရှိနေသဖြင့် ဗကသကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုနန္ဒစစ်အောင်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်သုံးဦးအား သာယာဝတီထောင်မှ ပြန်လည်ခေါ်ယူထားကြောင်း ရေးသားဖော်ပြခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သာယာဝတီထောင်မှပြန်လည်ခေါ်ယူထားသော ဗကသကျောင်းသားခေါင်ဆောင် (၄) ဦးအားလွှတ်လိုက်ပြီ  သာယာဝတီထောင်မှပြန်လည်ခေါ်ယူထားသော ဗကသကျောင်းသားခေါင်ဆောင် (၄) ဦးအားလွှတ်လိုက်ပြီ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.