လှိုင်းဘွဲ့မြို့နယ် ခရစ်ယာန်ကျောင်းဝန်းထဲ စေတီလာတည်မှုအပေါ် အမုန်းမပွားကြရန် ဘားအံမြို့မှ ခရစ်ယာန် သာသနာပိုင် စောစတိုင်လိုမှ မေတ္တာရပ်ခံ


ကရင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်အ ပေါင်းတို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ....
ယနေ့ကွမ်းတောရွာတွင် စေတီတည်ခြင်းနှင့် ပတ် သက်၍ ဖြစ်ပျက်သမျှကို အကြောင်းပြုပြီး ရန်ငြိုးထား ခြင်း၊ ခိုက်ရန်ပြုခြင်း၊ အမုန်းပွားခြင်းကင်းဝေးလျက် တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မာစိုရ်တရားပွားများနိုင်ကြစေရန် ကြိုး စားကြပါလို့ အားပေးစကားပြောလိုပါတယ်။

ခရစ်ယာန်တို့၏ တရားတော်နှင့်အညီ အသက်ရှင် လျက် ပီသသောခရစ်ယာန်တို့၏ မွန်မြတ်သော အကျင့်စာရိတ္တများပြသကြပါ။

ခရစ်တော်ဘုရားက စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထို သူတို့သည် ဘုရားသခင်ကို ဖူးမြင်ရလတ္တံ့။ ဘုရားသ ခင်ကို ဖူးမြော်နိုင်ရန်အတွက် ခရစ်ယာန်ဘာသာဝင် အားလုံး စိတ်နှလုံးဖြူစင်သောသူဖြစ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မေတ္တာတရားပွားများပြီး ခိုက်ရန်ပြုခြင်းကို ရှောင်ကြဉ် ကြပါ။ ခရစ်တော်ဘုရားရှင်က ခိုက်ရန်ပြုခြင်းကို ငြိမ်း စေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်း မူကား ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများ ဟု အခေါ်ခံရလ တ္တံ့။ ခိုက်ရန်ပြုခြင်းကို ရှောင်ကြဉ်ကြ ပါ။

ငြိမ်းချမ်းခြင်း ကို တည်ဆောက်ပါ။ ပြန်လည်သင့် မြတ်ရေးကို အား ထုတ်ကြပါလို့ မေတ္တာရပ် ခံလို ပါ တယ်။
မြန်မာနိုင်ငံထဲတွင်ပါဝင်သော ကရင်ပြည်နယ်တွင် မွေးဖွားကြသည်။ ကရင်ပြည်နယ်တွင် ကြီးပွားကာ ကရင်ပြည်နယ်အတွင်းမှာပင် ဘဝနိဂုံးချုပ်ရမည့် ကရင်ညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ ကျွန်တော် တို့ ဘဝနိဂုံးချုပ်သည့်နောက်ပိုင်း ကျွန်တော်တို့၏ ချမ်းသာကြွယ်ဝခြင်း ပါမသွားနိုင်ပဲ ကိုယ်ကျင့်တရား တစ်ခုသာ မလွဲမသွေပါသွားကြမည်ဖြစ်သည်။

ခရစ်တော်ဘုရားရှင်သွန်သင်ခဲ့သည်မှာ ကောင်းသော အကျင့်ကို ကျင့်သောသူ တို့သည် ကောင်းသောထွက် မြောက်ရာသို့လည်းကောင်း၊ ဆိုးယုတ်သော အကျင့် ကို ကျင့်သောသူသည် ထာဝရငရဲသို့လည်းကောင်း ထွက်ရကြလတ္တံ့။ လမ်းနှစ်လမ်း ရှိသည့်အနက် မည် သည့်လမ်းကို ရွေးကြ မည်နည်း။ နောက်ဆုံး အနေဖြင့် ပြောကြား လိုသည်မှာ အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ဘဲ အကောင်းကိုဆွဲကိုင်၍ အဆိုးကိုအနိုင်ယူကြပါ။

Credit - Saw Stylo

The Ladies News`
https://www.facebook.com/News.TheLadies
လှိုင်းဘွဲ့မြို့နယ် ခရစ်ယာန်ကျောင်းဝန်းထဲ စေတီလာတည်မှုအပေါ် အမုန်းမပွားကြရန် ဘားအံမြို့မှ ခရစ်ယာန် သာသနာပိုင် စောစတိုင်လိုမှ မေတ္တာရပ်ခံ  လှိုင်းဘွဲ့မြို့နယ် ခရစ်ယာန်ကျောင်းဝန်းထဲ စေတီလာတည်မှုအပေါ် အမုန်းမပွားကြရန် ဘားအံမြို့မှ ခရစ်ယာန် သာသနာပိုင် စောစတိုင်လိုမှ မေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.