နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေး


နေပြည်တော် ဧပြီ ၆

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အီတလီသမ္မတနိုင်ငံ ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး မစ္စတာ ပေါ်လိုဂျန်တီလိုနီ ဆေလ်ဗာရီ အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မား လာစေရေးနှင့် စားနပ် ရိက္ခာဖူလုံရေး ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ၊ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ၊ ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက် ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် ၊ ဒေါက်တာဖေမြင့် ၊ သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့် သည်တော် အီတလီဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ အီတလီ သံအမတ်ကြီး မစ္စတာ ပီယာဂျော်ဂျီယို ဖက်ဒါရီကို အလီဘာတီနှင့် တာဝန် ရှိသူများ တက်ရောက် ကြသည် ။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေး  နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေး Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.