ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်း၌ သစ်ပင်လဲကျ၍ လမ်းမီးဓာတ်တိုင်များပျက်စီး


ကျိုက်ထို ဧပြီ ၁၀

ကျိုက်ထိုမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့နယ်လမ်းဦးစီး အရာရှိရုံး ဗိုလ်တည်း ဝင်းရှိ စိန်ပန်းပင်မှာ ယနေ့ညနေ ၅ နာရီ ၂၀ မိနစ်၌ အပင်၏ အမြစ်ခိုင် မာမှုမရှိ၍ ရန်ကုန် မော်လမြိုင် ကားလမ်း ဗိုလ်ချုပ်လမ်းမပေါ်သို့ လဲကျခဲ့သည်။


ထိုအပင်လဲကျမှုကြောင့် ဗိုလ်ချုပ်လမ်းရှိ လမ်းမီးဓာတ်တိုင် ၁၂ တိုင်ပြိုလဲ ပျက်စီး
ခဲ့ပြီး ကားလမ်းပေါ်တွင် သွားလာနေသည့် လူနှင့်ယာဉ်များ ပျက်စီးဆုံးရှုံးမှု မရှိသော်လည်း လျှပ်စစ်မီးမှာ ပြတ်တောက်သွားခဲ့သည်။ အဆိုပါလဲကျခဲ့သည့် စိန်ပန်းပင်မှာ လုံးပတ် ၉ ပေ အမြင့် ၃၅ ပေရှိပြီးကားလမ်း မပေါ်သို့ ၂၆ ပေထိထွက်ကျခဲ့၍သွယ် တန်းထားသည့် လမ်းမီးကြိုး အပေါ် ဖိကျခဲ့၍ လမ်းမီးတိုင်များ ကျိုးကျပျက်စီးခဲ့သည်။

အဆိုပါ ဖြစ်ပွားရာ နေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့်ဌာန ဆိုင်ရာများ မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ကိုကိုဦးနှင့် တပ်ဖွဲ့ဝင်များ လူမှုရေး အဖွဲ့အစည်းဝင်များမှ လိုအပ်သည်များကို စနစ်တကျ ဆောင်ရွက် ပေးခဲ့ပြီး ကျိုက်ထိုရဲ တပ်ဖွဲ့မှ ရန်ကုန်မော်လမြိုင် ကားလမ်းမပေါ်တွင် သွားလာ နေသည့် ယာဉ်များအား အန္တရယ် ကင်းရှင်း၍ သွားလာနိုင်ရန်မြို့တွင်းရှိ လမ်းလွဲများကို ကူညီပြပေး လျှက်ရှိကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်း၌ သစ်ပင်လဲကျ၍ လမ်းမီးဓာတ်တိုင်များပျက်စီး   ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်း၌ သစ်ပင်လဲကျ၍ လမ်းမီးဓာတ်တိုင်များပျက်စီး Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.