ရနောင်းမြို့ တွင် အစုလိုက်အပြုံလိုက် ယာဉ်တိုက်ခံရမှုမှာ သေဆုံးသွားတဲ့ အလုပ်သမ ၄ ဦးမှာ ထားဝယ်အမျိုးသမီးများဖြစ်
၃၀၊၄၊၂၀၁၆ ရက်နေ့ မနက်က၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် ၊ ရနောင်းမြို့၊ SIFCO Group ပင်လယ်စာ၊ အအေးခန်း၊ စက်ရုံတွင်၊ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမများ၊ စက်ရုံသို့ အလုပ်ဆင်းရန်၊ ကားစောင့်နေစဉ် မတော်တဆ၊ ကားတိုက်မှု့ ဖြစ်ပွား ခဲ့သည်။
 အဆိုပါ ကားတိုက်မှု့ကြောင့် ရွေ့ပြောင်းအလုပ်သမ (၃) ဦးပွဲခြင်းပြီး သေဆုံးခဲ့ ပြီး၊ ( ၁)ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။ (၈) ဦးမှာ အရေးပေါ်လူနာအဖြစ်၊ ဆေးကုသခံယူလျှက်ရှိသည်။
 ရနောင်းမြို့အခြေစိုက် ရွှေ့ ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများမှ ထိုင်းဥပဒေအရ၊ အကူအညီပေးနိုင်ရန်၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)သို့ အကူအညီတောင်းခံခဲ့သည်။
FEDအနေနှင့်လိုအပ်သည့် သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ စုဆောင်းထားရန် အကြံပေးပြောကြားခဲ့ပြီး၊ ထိုင်းရှေ့နေတစ်ဦး သွားရောက် ကူညီရန် ပြင်ဆင်လျှက်ရှိသည်။ ရနောင်း ယာဉ်တိုက်မူ့တွင် သေဆုံးသွားရှာသော ကံဆိုးလေသူ ထားဝယ်အမျိုးသမီး ၄ဦး
.................................. ...........
(၁) မဖြူဖြူလွင် . ပြင်းဖြူကြီးရွာ .သရက်ချောင်းမြို့
အဘ ဦးလှလွင် အမိ ဒေါ်ကျင်မွှေး
(၂)မဥမ္မာ
ဝဲကျွန်းဆင်ဆိပ်ရပ်ကွက် . ထားဝယ်မြို့
အဘ ဦးဆုအေး အမိ ဒေါ်ကျင်သိန်း
(၃)မသူဇာ
ကြက်စားပြင်ရပ်ကွက် .ထားဝယ်မြို့
အဘ ဦးကြည်စိန် အမိ ဒေါ်သန်းရှင်
(ကလေး ၂ဦးမိခင်)
(၄)မသက်ခိုင်
ပန်းတပ်အင်းရွာ .လောင်းလုံးမြို့
အဘ ဦးမောင်ထူး အမိ ဒေါ်လှကြည်
( ထူးချစ်)
https://www.facebook.com/htoochit3
ဓါတ်ပုံ။ ကိုလင်းဦး။ ရနောင်းမှ ပေးပို့သည်။
အသေးစိတ်အချက်အလက်သိလိုက အဆိုပါအမှု့ ကိုလိုက်လံ ကူညီပေးနေသည့် ကိုဟိန်းထက် ( ၀၈၃၆၄၂၄၅၈၂) သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်)။
မှတ်ချက်။ ။ ရနောင်းမှာ ပေးပို့လာသည့် သတင်းအရ သေဆုံးသူမှာ ( ၅) ဦးဟုသိရသော်လဲ တစ်ချို့ ၏ပြောပြချက်မှာ ( ၄) ဦးဟုသိရသည်။)
by သစ်ထူးလွင်
Powered by Blogger.