သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက် ကြည့်ရှုအားပေး



နေပြည်တော်ဆေးရုံ၌ ဆေးရုံတက်နေသော လူနာများအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရူအားပေးနေစဉ် (ဓာတ်ပုံ- National League for Democracy Facebook)
ရန်ကုန် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁၉ ရက်တွင် နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိတာကတော့ ဒီနေ့ ကုတင် ၁၀၀၀ ဆေးရုံကို သွားတယ်။ဆေးရုံမှာ ဆရာဝန်တွေ နဲ့ တွေ့ တယ်။ လူနာတွေနဲ့ တွေ့ တယ်။အားပေးတယ်။ဘာတွေ ဖြစ်လဲ ။လူနာ အခြေအနေတွေ မေးမြန်းတယ်။ဆေးရုံမှာ ဘာတွေ လိုအပ်ချက်ရှိသလဲ။အဲဒါတွေ မေးမြန်းခဲ့ပါတယ်။”ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောသည်။




ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး ဝန်ကြီး ဌာန ၊ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာနတို့ ၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက် သကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက် ကြည့်ရှုအားပေး  သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက် ကြည့်ရှုအားပေး Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.