အတိုင်ပင်ခံဥပဒေကြမ်း ပြည်သူ့လွှတ်တော်မှာ အတည်ပြု

ဓါတ်ပုံ - ( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေ ထကန့်ကွက်ကြစဉ် )
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မယ့် ဥပဒေကြမ်းကို ဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ် အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပေမယ့် ထောက်ခံသူများတာကြောင့် ဥပဒေကို အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်က ဥပဒေကြမ်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းအလိုက် မဲခွဲဆုံးဖြတ်တိုင်း တပ်မတော်သားကိုယ်စားလှယ်တွေကလည်း မဲမပေးဘဲ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က နောက်ဆုံးသဘောတူသူနဲ့ သဘောမတူသူရှိလားဆိုပြီး ပြည်သူ့လွှတ်တော်ရဲ့ သဘောထားကို မေးမြန်းပြီးဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် အကြံပြုချက်တွေ ပေးရမှာဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေက ဒီဥပဒေကြမ်းဟာ အရေးကြီးတဲ့အတွက်ကြောင့် အချိန်တိုးပေးဖို့ မနေ့က တင်ပြခဲ့ပါတယ်။ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က အချိန်တိုးပေးဖို့ မလိုအပ်ကြောင်း နဲ့ လေ့လာဖို့ လုံလောက်နေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းသွားမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
အတိုင်ပင်ခံဥပဒေကြမ်း ပြည်သူ့လွှတ်တော်မှာ အတည်ပြု အတိုင်ပင်ခံဥပဒေကြမ်း ပြည်သူ့လွှတ်တော်မှာ အတည်ပြု Reviewed by THITHTOOLWIN on 15:24 Rating: 5
Powered by Blogger.