လေယာဉ်ဆီဌာန ဝန်ထမ်းများ အခြေခံ လစာတိုးရေး ဆန္ဒပြ

ရန်ကုန်လေဆိပ်အတွင်းက ပြည်တွင်းထွက်ခွာတဲ့ နေရာကိုတွေ့ရစဉ်။ Photo: RFA
ရန်ကုန်လေဆိပ် လေယာဉ်ဆီဌာနမှာ အခြေခံလုပ်ခလစာ နည်းလို့ဆိုပြီး မနေ့က အလုပ်မလုပ်ပဲ ဆန္ဒပြခဲ့တဲ့ ဝန်ထမ်း ၇ဝ ကျော်နဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဒီနေ့ ညှိနှိုင်းတာ ပြေလည်မှုမရဘူးလို့ ဆန္ဒပြဝန်ထမ်းတွေ က ပြောပါတယ်။

အခြေခံလုပ်ခလစာကိစ္စ ညှိနှိုင်းမှုမပြေလည်တာကြောင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး နဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ လေယာဉ်ဆီဌာနက ၀န်ထမ်းတစ်ဦးက ပြော ပါတယ်။

ဝန်ထမ်းတွေက အခြေခံလစာကို တစ်လကျပ် ၃ သိန်းကျော်ကနေ ၅ သိန်းအကြားပေးဖို့ တောင်းဆိုကြ တာဖြစ်ပါတယ်။

ဆန္ဒပြဝန်ထမ်းတွေဟာ အရင်ကစွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လေယာဉ် ဆီဌာနမှာ လုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။

မြန်မာ့လေဆိပ် လေယာဉ်ဆီဌာနကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး စွမ်းအင်ဝန်ကြီးဌာက ၅၁ ရာခိုင်နှုန်းနဲ့ NEPAS (National Energy Puma Aviation Service) ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဆိုပြီး အကျိုးတူပူးပေါင်း လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလိုပူးပေါင်းလုပ်ကိုင်ရာမှာ လေယာဉ်ဆီဌာနက ဝန်ထမ်းတွေကို ကုမ္ပဏီထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

လွှဲပြောင်းထားတဲ့ ဝန်ထမ်းတွေကို ၆ လပြည့်တဲ့နေ့မှာ ဝန်ထမ်းတွေ တောင်းဆိုတဲ့ အခြေခံလစာခံစားခွင့် ရှိအောင် ညှိနှိုင်းပေးဖို့ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ကုမ္ပဏီဝန်ထမ်းတွေအဖြစ် လွှဲပြောင်းစဉ်က ကုမ္ပဏီဖက်က ကတိပေးထားပေမယ့် လိုက်နာမှုမရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
လေယာဉ်ဆီဌာန ဝန်ထမ်းများ အခြေခံ လစာတိုးရေး ဆန္ဒပြ  လေယာဉ်ဆီဌာန ဝန်ထမ်းများ အခြေခံ လစာတိုးရေး ဆန္ဒပြ Reviewed by THITHTOOLWIN on 06:26 Rating: 5
Powered by Blogger.