အလုပ်သမားအရေးတွင် လွတ်လပ်သည့်စီရင်ခွင့်မရှိ၍ အလုပ်သမားများ၏ ယုံကြည်မူရန် ခက်ခဲနိုင်ဆို


ဧပြီ ၂

အရပ်သားအစိုးရအနေဖြင့် အလုပ်သမားအရေး ဖြေရှင်းရာတွင် လွတ်လပ်သည့် စီရင်ခွင့်မရှိသော ကြောင့် အလုပ်သမားများ၏ ယုံကြည်မူရရှိရန် ခက်ခဲနိုင်ဟု အလုပ်သမားရေးဆိုင်ရာ ဥပဒေအကြံပေး ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။

မကြာခင်အချိန်က မြန်မာနိုင်ငံကို စတင်အုပ်ချုပ်သည့် NLD အစိုးရလက်ထက်တွင် ကိုင်တွယ်ဖြေရှင်း ရမည့် အလုပ်သမားအရေးကိစ္စနှင့် ပတ်သက်ပြီး ယင်းကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။
'' အခုတက်တဲ့ အစိုးရကို အရပ်သားအစိုးရလို့ သိထားကြတယ်။ တကယ်တမ်းက စီရင်ခွင့် မလွတ်လပ်တဲ့သဘောရှိတယ်။ စစ်တပ်ကအဓိကအာဏာသုံးတဲ့အပိုင်းမှာရပ်နေဆဲပါပဲ''ဟု ဦးအောင်သူရိန် ထွန်းက ပြောသည်။ ထိုသို့ စီရင်ခွင့် မလွတ်လပ်သည့် အခြေအနေကြောင့် အလုပ်သမားများ၏ အဓိကကျသည့် အခွင့်အရေးဆိုင်ရာ ကိစ္စများကို ကိုဖြေရှင်းသည့်အခါ ဖြေရှင်းပုံပြောင်းလဲဦးမည် မဟုတ်ကြောင်း ၎င်းကဆို သည်။

ယခင်အစိုးရလက်ထက်က အနည်းဆုံးလုပ်ခလစာ ကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမား အငြင်းပွားမူ များ ဖြစ်ပေါ်ကာ အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်ကို သတ်မှတ်ပြဌာန်းခဲ့သည်။ လက်ရှိအချိန်တွင် အလုပ် ရှင် များက အနည်းဆုံးလုပ်ခလစာကို ပေးဆောင်သော်လည်း အချိန်ပိုကြေးနှင့် ပတ်သက်သည့် အငြင်းပွား မူများ ကြောင့် အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်မူအပေါ် မေးခွန်းထုတ်မူများရှိလာသည်။

စည်သူ(china.com)
http://myanmar.china.com
အလုပ်သမားအရေးတွင် လွတ်လပ်သည့်စီရင်ခွင့်မရှိ၍ အလုပ်သမားများ၏ ယုံကြည်မူရန် ခက်ခဲနိုင်ဆို  အလုပ်သမားအရေးတွင် လွတ်လပ်သည့်စီရင်ခွင့်မရှိ၍ အလုပ်သမားများ၏ ယုံကြည်မူရန် ခက်ခဲနိုင်ဆို Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.