သင်္ကြန်မလည်ရသဖြင့် ကိုယ်ခန္ဒာပေါ်၌ ဒီဇယ်ဆီများလောင်း၍ မီးရှို့ကာ မိမိကိုယ်ကို အဆုံးစီရင်

မီးလောင်နေတဲ့ နမူနာ ဓါတ်ပုံပါ၊ အခု မီးလောင်သေဆုံးသူရဲ့ ပုံ မဟုတ်ပါ။ 
မုံရွာ၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၊ ကျောက္ကာတောင်ရွာ၊ ထန်းဇလုတ်တောတိုက် တစ်နေရာတွင် ဧပြီ ၁၃ ရက်နေ့ည ၈ နာရီခွဲအချိန်ခန့်က အသက် (၂၅)နှစ်ရွယ်ခန့်ရှိ လူငယ်တစ်ဦးသည် သင်္ကြန်လည်ပတ်ရန် မိခင်ဖြစ်သူထံ ဆိုင်ကယ်တောင်းခံရာမှ ဆိုင်ကယ်မရသဖြင့် ကိုယ်ခန္ဒပေါ်၌ ဒီဇယ်ဆီများလောင်း၍ မီးရှို့ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
`` ကိုယ့်ကိုကိုယ့် ဒီဇယ်ဆီလောင်းပြီး မီးရှို့တာပါ .. ဒဏ်ရာက တစ်ကိုယ်လုံဘဲ ..အတွင်းလူနာအဖြစ်ဆေးကုသနေပါတယ် ..စိုးရိမ်ရပါတယ်..´´ ဟု မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်မှ ပြောသည်။

ကျောက္ကာတောင်ရွာ ထန်းဇလုတ်တောတိုက်နေ ကိုမင်းအောင် ဆိုသူသည် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်မုန်းထံ သင်္ကြန်လည်ပတ်ရန် ဆိုင်ကယ်တောင်ခံခဲ့ရာ ဆိုင်ကယ်မရသဖြင့် ၎င်းတို့နေအိမ်အတွင်းရှိ ရေတင်စက်မောင်းရန် အသင့်ဝယ်ယူထားသည့် ဒီဇယ်ဆီတစ်ဂါလံအား ထိုသူက မိမိကိုယ်ခန္ဒာပေါ်တွင်လောင်းကာ ဂက်စ်မီးခြစ်တစ်လုံးဖြင့် မိမိကိုယ်ကို မိးရှို့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါ လူနာအား ကူညီကယ်ဆယ်ပေးနိုင်ရန်အတွက် မုံရွာနယ်မြေရဲစခန်းရှိ ဒုရဲအုပ် ဖြိုးမြတ်နှင့် အဖွဲ့က မုံရွာပြည်သူ့ဆေးရုံကြီးသို့သွားရောက်ခဲ့ကြသည်။ အဆိုပါ လူနာမှာ ကျန်းမာရေးဝန်ထမ်းများ၏ သုံးသပ်ပြောဆိုချက်များအရ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေများရှိကြောင်း ရဲဌာနက မှတ်တမ်းများရယူထားခဲ့သည်။ သို့သော် ယနေ့မနက် ၅ နာရီအချိန်က အဆိုပါ လူနာသည် ရရှိခဲ့သော မီးလောင်ဒဏ်ရများဖြင့် သေဆုံးသွားခဲ့သည်။

လူဘ၀ဟူသည် ဘာသာတရားများမှ ရခဲရောက်ခဲကြောင်း သွန်သင်ဆုံးမထားသည်။ ထို့အပြင် ရခဲရောက်ခဲသော လူဘ၀လေးအား မိမိကိုယ်ကို အဆုံးစိရင်ရန်ကြံစည်ခြင်းများကို တရားဥပဒေက ခွင့်လွတ်ပေးခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် သင်္ကြန်မလည်ရသဖြင့် ကိုယ်ခန္ဒာပေါ်၌ ဒီဇယ်ဆီများလောင်း၍ မီးရှို့ကာ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်ခဲ့သူအား မုံရွာနယ်မြေရဲစခန်းက (ပ) ၁၃၇/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၉ အရ အမှုဖွင့်ဆောင်ရွက်ထားရာမှ သေဆုံးသွားသည့်အတွက် ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း ၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
သင်္ကြန်မလည်ရသဖြင့် ကိုယ်ခန္ဒာပေါ်၌ ဒီဇယ်ဆီများလောင်း၍ မီးရှို့ကာ မိမိကိုယ်ကို အဆုံးစီရင်  သင်္ကြန်မလည်ရသဖြင့် ကိုယ်ခန္ဒာပေါ်၌ ဒီဇယ်ဆီများလောင်း၍ မီးရှို့ကာ မိမိကိုယ်ကို အဆုံးစီရင် Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.