မိုင်းရယ်၌ လေပြင်းတိုက်ခတ် ၊ မိုးသီးများကြွေကျ လူနေအဆောက်အဦ များပျက်စီး


လားရှိုး ဧပြီ ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့၌ ဧပြီ ၂၅ ရက် ညနေ ၃နာရီ ၂၀ မိနစ် အချိန်က လေပြင်းတိုက်ခတ်ကာ မိုးသီးများကြွေကျ ခဲ့ကြောင်းသိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းရယ်မြို့၌ အဆောက်အဦးများ၊လူနေအိမ်ခြေ များ အမိုးသွပ်လန်ခြင်းများနှင့် သစ်ပင်ကြီးများ ကျိုးကျခြင်းကြောင့် လမ်းဘေး ဓါတ်အားလိုင်းတိုင်များ ကျိုးကျ ပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းလျှက်ရှိနေကြောင်းသိရသည်။


မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသည် လေပြင်းတိုက်ခတ်ပြီး မိုးသီးများ ကြွေကျခြင်းကြောင့် သွပ်မိုးများပေါက်ပြဲ ခဲ့ပြီး မြေစိုက်နံရံကပ်ဘုတ်မှာလည်း ပြိုလဲခဲ့ကြောင်းသိရသည်။ ပျက်စီး ဆုံးရှုံးသော အဆောက်အဦအရေအတွက်တန်ဖိုးတို့အား အသေးစိတ် သိရှိရခြင်းမရှိပဲ စိစစ်လျှက်ရှိနေကြာင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်းရယ်၌ လေပြင်းတိုက်ခတ် ၊ မိုးသီးများကြွေကျ လူနေအဆောက်အဦ များပျက်စီး  မိုင်းရယ်၌ လေပြင်းတိုက်ခတ် ၊ မိုးသီးများကြွေကျ လူနေအဆောက်အဦ များပျက်စီး Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.