2015-2016MissUniverseMyanmar၏Top5အဆင့်ထိပြိုင်ပွဲဝင်ခဲ့တဲ့ မော်လမြိုင်ကိုယ်စားပြု အလှမယ် အိဖြိုးသွယ်သည် ဧပြီလ(၁၁)ရက်၊ နံနက်(၈း၃၀)အချိန်က အမြန်လမ်း၊ မိုင်တိုင်အမှတ်(၉၇)အရောက်တွင် Car Accident ဖြစ်ကာမိခင်နှင့်အတူ အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရှိရသည်။
၎င်းတို့မိသားစု ခရီးထွက်ရင်း အမြန်လမ်းပေါ်မောင်းနှင်စဉ် ဖခင်ဖြစ်သူမှအိပ်ငိုက်လာ၍ သမီးဖြစ်သူ အိဖြိုးသွယ်အား ကားကိုမောင်းခိုင်းခဲ့ရာမှ သားအမိနှစ်ဦးစလုံးသေဆုံးခဲ့၍ ဖခင်ဖြစ်သူမှာဒဏ်ရာကြီးကြီးမားမားမရရှိခဲ့သော်လည်း ၎င်းတို့သားအမိနှစ်ဦးအတွက် အရမ်းယူကြုံးမရဖြစ်နေရကြောင်း ၎င်းတို့နှင့်နီးစပ်သူ မိတ်ဆွေအသိုင်းအဝိုင်းထံမှ သိရသည်။
ယူမင်းစိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မော်လမြိုင်အလှမယ် ယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်
Reviewed by THITHTOOLWIN
on
17:17
Rating: