မလေးရှား နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး စပါးကြီးမြွေ


Monday 11 April 2016 08.40 BST

၈ မီတာ (၂၄ပေ) အရှည် ရှိတဲ့ စပါးကြီးမြွေကို မလေးရှားနိုင်ငံ ပီနံ ကျွန်း အနီး တံတားဆောက်လုပ်နေတဲ့နေရာမှာ အလုပ်သမားတွေက စတင်တွေ့  ရှိခဲ့တာပါ။


အေ၇ှ့ တောင်အာရှက တောနက်တွေမှာသာ တွေ့ တတ်တဲ့ စပါးကြီး မြွေထဲမှာ ယခုတွေရှိတဲ့ အလေးချိန် ကီလို ၂၀၀ ကျော် လေးတဲ့ မြွေကြီးက အရှည်ဆုံးစံချိန်တင်ရမှာ ဖြစ်ပါတယ်။
ယခုမြွေကြီးကို ဆောက်လုပ်ရေး အလုပ်သမားတွေ က မဖမ်းရဲ လို့  သက်ဆိုင်ရာကို သတင်းပေးပြီး ကျွမ်းကျင်သူတွေ လာရောက် ဖမ်းခဲ့ရပါတယ်။


ကမ္ဘာမှာ အရှည်ဆုံး စပါးကြီးမြွေအဖြစ် စံချိန်တင်ထားနိုင်တာကတော့ ၂၀၁၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု Missouri(မစ်စူရီ) ပြည်နယ်မှာ ဖမ်းမိခဲ့တဲ့ အရှည် ၇.၆၇ (မီတာ) ရှိတဲ့ စပါးကြီးမြွေ အမ ဖြစ်ပါတယ်။

The Guardian
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
မလေးရှား နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး စပါးကြီးမြွေ  မလေးရှား နိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး စပါးကြီးမြွေ Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.