မူဆယ်၌မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးတွေ့ရှိ


မူဆယ် ဧပြီ ၂၆

မူဆယ်မြို့ ဆင်ဖြူဈေးအနီးတွင် မပေါက်ကွဲသေးသည့် တရုတ်နိုင်ငံလုပ် အသံမိုင်းနှစ်လုံးကို ဧပြီ ၂၅ ရက် နံနက် ၇ နာရီခွဲက တွေ့ရှိခဲ့သည်။

မူဆယ်မြို့မဈေးကြီးနှင့် ဆင်ဖြူဈေးလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဈေးလုံခြုံရေးတို့ ပူးပေါင်းလှည့်ကင်းဆောင်ရွက်နေစဉ် ဆင်ဖြူဈေးတောင်ဘက် ရှိ ဆန်းသစ်ကားဂိတ် အနောက်ဘက် ပေ ၂ဝ အကွာ အမှိုက်ပုံအနီးတွင် စနက်တံတပ်ထားသည့် အသံမိုင်းနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

နယ်မြေခံတပ်မှ နံနက် ၈ နာရီခွဲတွင် မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ အဆိုပါမိုင်းအား လာရောက်ယူဆောင်ကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆရာမောင်(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မူဆယ်၌မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးတွေ့ရှိ  မူဆယ်၌မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.