မိုးလေပြင်းထန်းမှု လူနှင့်နွားများ သေဆုံးမှုဖြစ်ပေါ်ခဲ့



(22-4-2016)ရက်နေ့ ညနေပိုင်း လေပြင်းတိုက်ခိုက်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်မြို့နယ် ရေသရောက်ကျေးရွာမှ နွားသွင်းပြန်လာသူ ၆ ဦးအတူနှင့်နွားများ တောင်ကျချောင်းရေဖြင့် မျှောပါခဲ့ရာ ယခုအချိန်ထိ သေဆုံး ၄ ဦးနှင့် နွားသေအချို့ ရှာဖွေတွေ့ရှိရပြီး ပျောက်ဆုံးသူနှစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်းသိရပါတယ်။ ထို့အပြင် ကျေးရွာအချို့ နေအိမ်များပျက်စီးမှုရှိခဲ့ကြောင်းသိရပါတယ်။

Photo Credit - Mar Lar
Via Soe Thiha (fb)

ဒါ့အပြင် စဥ့်ကိုင် မြို့နယ် မီးသွေးဘုတ်ကျေးရွာအုပ်စု ဖလံပင်ကျေးရွာတွင် မိုးသီမိုးများ ၁နာရီ ခွဲခန့်
ရွာသွန်းမှုကြောင့် နွားများနှင့် ဆိတ် အကောင်၄၀ ခန့် သေဆုံးကြောင်း Tine Kyaw (fb) ဖေါ်ပြထားသည်။




မိုးလေပြင်းထန်းမှု လူနှင့်နွားများ သေဆုံးမှုဖြစ်ပေါ်ခဲ့  မိုးလေပြင်းထန်းမှု လူနှင့်နွားများ သေဆုံးမှုဖြစ်ပေါ်ခဲ့ Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.