အစိုးရအဖွဲ့ဆောင်ရွက်မည့်ကိစ္စရပ်တိုင်းကို ပြည်သူ့ဆန္ဒပါဝင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု ၀န်ကြီးချုပ်ပြောကြား


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောင်ရွက်မည့် ကိစ္စရပ်များတွင် ပြည်သူ့ဆန္ဒသဘောထားများ ပါဝင်နိုင်အောင်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် ပြုလုပ်သော သတင်းမီဒီယာနှင့် တွေ့ဆုံပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ ကျွန်တော်တို့ ဆောင်ရွက်မှ ကိစ္စရပ်တွေဟာ အစိုးရအဖွဲ့ကနေ ရုံးတစ်ရုံး ဓါးတစ်စင်း၊ အမိန့်တစ်မိန့်နဲ့ အုပ်ချုပ် ဆောင်ရွက်မဲ့ အစိုးရမျိုးမဟုတ်ပါဘူး။

ပြည်သူလူထုကို ဆောင်ရွက်မဲ့ ကိစ္စရပ်တိုင်းမှာ ပြည်သူရဲ့သဘော ထားဆန္ဒနဲ့ ပြည်သူတွေတစ်ရပ်လုံးပါဝင် ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်အောင်ကြိုးပမ်း သွားမယ်။”ဟု ၀န်ကြီးချုပ်ကပြောသည်။

ယင်းအပြင် နိုင်ငံတော်ဘတ်ဂျတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် သုံးစွဲသွားမည်ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။

“ ကျွန်တော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတိုင်းဟာ ပြည်သူကို ဗဟိုပြုမယ်။ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနိုင်တဲ့ အစိုးရမျိုးဖြစ်စေချင်တယ်။ ဒီအစိုးရရဲ့ ဆောင်ရွက်ချက်ကလည်း လူထုအပေါ်မှာ အရိပ်တစ်ခု မဖြစ်စေချင်ဖြစ်ဘူး။လူထုဟာ အစိုးရကို ကြောက်လို့ လုပ်နေရတဲ့ အခြေအနေမျိုးမဖြစ်အောင် အစိုးရရဲ့ ပါဝင်ဆောင်ရွက်နေမှုဟာ မမြင်နိုင်တဲ့ ပုံသဏ္ဍန် မျိုးနဲ့ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာ အသိပေးလိုပါတယ်။ ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ အဖြစ်တာဝန်ယူဆောင်ရွက်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ၊ဗိုလ်မှူးကြီးတင်အောင်ထွန်း ၊စီမံကိန်းနှင့် ဘ ဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီးဦးမြင့်သောင်း ၊ စိုက်ပျိုးရေး ၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာန၀န်ကြီး ဦးဟန်ထွန်း၊လျှပ်စစ် ၊စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော် ၊စည်ပင်သာ ယာရေး ဝန်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်စိုး၊လူမှုရေး ဝန်ကြီးဌာန စသည်ဖြင့် ဝန်ကြီးဌာန၀န်ကြီး ဦးနိုင်ငံလင်း ၊ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် ၊တိုင်းရင်းသားရေးရာ ၀န်ကြီးနော်ပန်သဉ္စာမျိုး နှင့် စာရင်း စစ်ချုပ်ဒေါ်ခင်သန်းလှ၊ဥပဒေချုပ်အဖြစ် ဦးဟန်ထူး တို့အား သတင်းမီဒီယာများကို မိတ်ဆက်ပေးခဲ့သည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အစိုးရအဖွဲ့ဆောင်ရွက်မည့်ကိစ္စရပ်တိုင်းကို ပြည်သူ့ဆန္ဒပါဝင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု ၀န်ကြီးချုပ်ပြောကြား  အစိုးရအဖွဲ့ဆောင်ရွက်မည့်ကိစ္စရပ်တိုင်းကို ပြည်သူ့ဆန္ဒပါဝင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု ၀န်ကြီးချုပ်ပြောကြား Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.