ဗန်းမောက်ဇလုံတောင် ဘုရားဖူးကားမှောက်၍ လေးဦးသေဆုံး

ဇလုံတောင်
ဗန်းမောက် ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဇလုံတောင် ဘုရားဖူးယာဉ်တစ်စီးသည် ဧပြီ ၇ ရက် နံနက် ၆ နာရီခွဲက ဗန်းမောက်မြို့မှ ၉ မိုင် ၃ ဖာလုံ အကွာတွင် တိမ်းမှောက်မှုဖြစ်ခဲ့ရာ ခရီးသည်လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်မှာ ထွန်ကုံးခြောက်ဘီး ဖြစ်၍ ခရီးသည်၂၁ ဦးကို တင်ဆောင် ကာတောင်ပေါ်မှအဆင်းတွင် ဘရိတ် ပေါက်၍ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် ဇလုံတောင် ဘုရားဖူးခရီးသည်များ တဖြည်းဖြည်း များပြားလာမှုနှင့်အတူ စည်းကမ်း ကြပ်မတ်မှုဖြင့် တောင်ပေါ်ခရီးစဉ် များကို စနစ်တကျပြေးဆွဲစေလို ကြောင်း ဒေသခံများက ပြောကြား သည်။ ဒေသခံတစ်ဦးက ''ကျွန်တော် တို့ ဗန်းမောက်မြို့နယ် ဇလုံတောင် ကိုတိုးတက်စေချင်တယ်။

တောင်ပေါ် ဂေါပကအဖွဲ့ကို စနစ်တကျဖွဲ့စည်း စေချင်တယ်။ တောင်ပေါ်ခရီးစဉ် ကို ကားကောင်းတွေနဲ့သာ ပြေးဆွဲ ဖို့ စည်းကမ်းကြပ်မတ်စေလိုတယ်'' ဟု ပြောကြားသည်။

ဘုရားဖူးလာ၍ယာဉ်တိမ်းမှောက် ကာ သေဆုံးခဲ့သူများမှာ ကချင် ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း နေထိုင်သူများဖြစ်ကြောင်း သိရ သည်။

အေးလွင်(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဗန်းမောက်ဇလုံတောင် ဘုရားဖူးကားမှောက်၍ လေးဦးသေဆုံး  ဗန်းမောက်ဇလုံတောင် ဘုရားဖူးကားမှောက်၍ လေးဦးသေဆုံး Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.