ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဝက်တိုး(မြောက်)ကျေးရွာအုပ်စု ညောင်ပေါင်ရင်းကျေးရွာနေ ကိုပုမောင် (ဘ)ဦးချစ်ဝင်းသည် April လ ၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် ဇနီးဖြစ်သူ မဌေးဌေးယုနှင့် စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။


ဇနီးဖြစ်သူ ဦးခေါင်းပြတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကိုပုမောင်သည် ကန့်ဘလူမြို့နယ် ထန်းကုန်းရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ရာ တရားဥပဒေအရ အမှုဖွင့်ကာ ဆက်လက် စစ်ဆေး ဆောင်ရွက်လျှက်ရှိသည်။

သတင်းအရင်းအမြစ်-ဝက်တိုး(မ)ကျေးရွာအုပ်ချုပ်ရေးမှုး ကိုစိုးလင်း

နန်း ကေခိုင်

ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား  ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:44 Rating: 5
Powered by Blogger.