လူထုစိန်ဝင်း ၏ နေအိမ်ကို အများပြည်သူလေ့လာနိုင်ရန် ပြသထားမည်


စာရေးဆရာလူထုစိန်ဝင်းနေထိုင်ခဲ့သည့်အခန်းပါဝင်သော ရန်ကုန်မြို့လယ်၊ ကုန်သည်လမ်းပေါ်ရှိ မြို့ပြအမွေအနှစ်အဆောက်အအုံ ကို ဆယ်လကြာ အသေးစိတ် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပြီးသည့်နောက် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြသထားရှိမည်ဖြစ်သည်။


ကျောက်တံတားမြို့နယ်အတွင်း တည်ရှိကာ စီးပွားရေးလုပ်ငန်းများနှင့် လူနေအိမ်ခန်းများပါဝင်ပြီး လက်ရှိတွင် နေထိုင်သူ ၈၀ဦးခန့်ရှိသော အဆိုပါ ကိုလိုနီခေတ်လက်ရာ နှစ်ထပ် အဆောက်အအုံကို ဇူလိုင်လ ၃၁ ရက်နေ့ အထိ အများပြည်သူ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။


“အများမြင်သာတဲ့လမ်းမကြီးပေါ်လည်းဖြစ်၊ ဆရာလူထုစိန်ဝင်းနေထိုင်ခဲ့တဲ့ နေရာလည်းဖြစ်၊ အဆောက်အအုံ ကလည်း ရန်ကုန်မြို့အစောပိုင်းကတည်းက ရှိခဲ့တဲ့ မူလလက်ရာဖြစ်ပြီး ဗိသုကာလက်ရာအားဖြင့်လည်း ကောင်းမွန်ထူးခြားတဲ့အတွက် ရွေးချယ်ခဲ့ကြတာပါ” ဟုရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာဖြစ်သူ ဒေါ်မိုးမိုးလွင်ကဆိုသည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper
လူထုစိန်ဝင်း ၏ နေအိမ်ကို အများပြည်သူလေ့လာနိုင်ရန် ပြသထားမည် လူထုစိန်ဝင်း ၏ နေအိမ်ကို အများပြည်သူလေ့လာနိုင်ရန် ပြသထားမည် Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.