အကျဉ်းသားလွှတ်မည့်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့မိသားစု ၀င်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှား သူများလာရောက်ကြိုဆိုကြ



ရန်ကုန် ဧပြီ ၈

ဧပြီ ၈ နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ် ပေးမည်ဆိုသည့် သတင်းကြောင့် အင်းစိန်အကျဉ်းဦးစီးဌာနရှေ့သို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များက ယနေ့နံနက်ပိုင်းက လာရောက်စောင့်ကြိုနေကြသည်။



'' ကျွန်မသားက ရွှေပြည်သာက အလုပ်သမား သမဂ္ဂခေါင်းဆောင်တစ်ဦးပါ။ တကယ်လို့ ပြန်လွှတ်ပေးမယ်ဆို ရင်တော့ အတိုင်းမသိဝမ်းသာပါတယ်'' ဟု ဖမ်းဆီးခံ အလုပ်သမား ခေါင်းဆောင် ကိုနိုင်ဌေးလွင်ကို လာရောက် ကြိုဆိုသော မိခင်ဖြစ်သူ ဒေါ်ကျင်ညွှန့်ကပြောသည်။


သို့သော် နောက်ထပ်လွှတ်ပေးမည် မျှော်လင့်ချက်ဖြင့် သတင်းထောက်များ ၊ အကျဉ်းသား၏မိသားစုဝင်များနှင့် နိုင်ငံရေးအင်အားစုများမှာ အကျဉ်းထောင်ရှေ့တွင် ဆက်လက်စောင့်ဆိုင်းနေကြောင်းသိရသည်။

စည်သူ၊ အောင်သော်ဖြိုး (china.com)
china.com Myanmar
https://www.facebook.com/china.com.mm/
အကျဉ်းသားလွှတ်မည့်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့မိသားစု ၀င်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှား သူများလာရောက်ကြိုဆိုကြ  အကျဉ်းသားလွှတ်မည့်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့မိသားစု ၀င်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှား သူများလာရောက်ကြိုဆိုကြ Reviewed by THITHTOOLWIN on 10:56 Rating: 5
Powered by Blogger.