ကျပ် သိန်း ၁၀၀ အောက် တန်ဘိုးနည်း စံပြအိမ်ရာ စီမံကိန်းတစ်ခု တည်ဆောက်မည်


ကျပ် သိန်း ၁၀၀ အောက်ခန့်မှန်းထားသည့်ငါးထပ် အဆောက်အဦး အခန်း ၄၀ ပါတန်ဘိုးနည်း စံပြအိမ်ရာ စီမံကိန်းတစ်ခုကို မေလ(၁)ရက်နေ့မှစတင်တည်ဆောက်မည်

နေပြည်တော် ဧပြီ ၃၀

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေနေရာတွင် တန်ဘိုး ကျပ် သိန်း ၁၀၀ အောက်ခန့်မှန်း ထားသည့် ငါးထပ်အဆောက်အဦအခန်း(၄၀)ပါ တန်ဘိုးနည်းစံပြအိမ်ရာစီမံကိန်း တစ်ခုကိုမေလ (၁)ရက်မှ စတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနဧ။် ရက်(၁၀၀)အတွင်းအကျိုးရှိစေမည့် ရေတိုစီမံချက် စံပြ အိမ်ရာ စီမံကိန်းတစ်ခုအနေဖြင့်နေပြည်တော်ရှိဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေနေရာတွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောကြားခဲ့သည်။


" ကျွန်တော်တို့ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရက်(၁၀၀)အတွင်းအကျိုးရှိစေမဲ့ ရေတိုစီမံချက်ဖြစ်တဲ့ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းအပြင် ပြည်သူ့အိမ်ရာလုပ်ငန်းတွေ ဒါတွေကိုလည်း ကျွန်တော် တို့ လုပ်မှာဖြစ်ပါတယ်။အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းကို အရင်တုန်းကတော့ ဆောက်ခဲ့တဲ့အခါမှာ တန်ဘိုးနည်းအိမ်ရာဆိုပြီးတော့ တန်ဘိုးက မနည်းဘူးဖြစ်နေတယ် တန်ဘိုးကနည်းနည်းများနေတယ် ၊တကယ်တော့ လူထု တွေမတတ်နိုင်တဲ့ တန်ဘိုးတွေဖြစ်နေတယ်။ဒါကိုကျွန်တော်တို့သိချင်တယ် ။ကျွန်တော်တို့ဌာနအနေနဲ့သိချင်တယ် ဒါကြောင့်မို့ ရက်(၁၀၀)စီမံကိန်းထဲမှာ ငါးထပ် အခန်း ၄၀ ပါ စံနမူနာဖြစ်တဲ့ တန်ဘိုးနည်းအိမ်ရာတစ်ခုကို ကျွန်တော်တို့ ဆောက်မှာပါ ။ဆောက်ပြီးတော့ ဒီအပေါ် မှာ စံချိန်စံညွှန်းတွေယူပြီးတော့ တန်ဘိုး ဘယ်လောက်ထိနည်းနည်း ကျွန်တော်တို့က ဆောက်ပေး လို့မယ်ဆိုတာ စံချိန်စံညွှန်းယူမှာဖြစ်ပါတယ် ။နောက်ပိုင်း ဒီစံနမူနာအတိုင်း ဆောက်လို့ အဲဒီ စံချိန်စံ ညွှန်းနဲ့လည်းကောင်းရမယ် တန်ဘိုးနည်းတဲ့အဆင့်လည်းရောက်ရမယ် ဒီစီမံကိန်းကို ရက် ၁၀၀ အ တွင်းမှာ ငါးထပ် အခန်း ၄၀ ပါ အဆောက်အဦးတစ်ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနကဘဲ ဆောက် လုပ်ပြီးတော့ ပြီးစီးတဲ့အခါမှာလည်း သတင်းမီဒီယာများကိုခေါ်ပြပါမယ် ။ခေါ်ပြပြီးတော့ တန်ဖိုးနည်း အိမ်ရာရဲ့ အဆောက်အဦး အရည်အသွေးရယ် ကုန်ကျစရိတ်ရယ် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းချပြ ပါမယ် ကုန်ကျစရိတ်က ကျပ် သိန်း ၁၀၀ ကုန်တယ်ဆိုလည်း သိန်း ၁၀၀ ပေါ့ ကျပ်သိန်း ၇၀ ကုန် တယ်ဆိုလည်း သိန်း ၇၀ ပေါ့ တတ်နိုင်သလောက် တန်ဘိုးနည်းအိမ်ရာတန်ဘိုးကို ချပြီးလုပ်ပါမယ် ဒီလိုနေရာမှာတော့ အဆောက်အဦး တစ်လုံးထဲဆောက်ရင်တော့ တန်ဘိုးက နည်းနည်းများပါမယ် အဲဒါကတော့နေရာဒေသတွေအပေါ်မှာတော့နည်းနည်းလေးမူတည်ပါတယ်။ဒီလိုစံပြအိမ်တစ်အိမ် ဆောက်လို့ရသွားပြီဆိုရင်တော့ အခြေခံစံနှုန်းတစ်ခုတော့ရသွားမယ် တန်ဘိုးနည်း အိမ်ရာဆိုသည်မှာ ဘယ်လောက်နဲ့ဆောက်လုပ်ရတယ်ဆိုတာ ၀န်ကြီးဌာန တစ်ခုအနေနဲ့သတ်မှတ်ပေးလိုက်လို့ရတယ် ဒီလိုလုပ်ခြင်းအားဖြင့်ပြည်သူတွေရဲ့အိမ်ရာအခက်အခဲကိုလည်းကျွန်တော်တို့ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဖြေရှင်းပေးရမယ်ဆိုတာလည်း ကျွန်တော်တို့က တာဝန်တစ်ခုအနေနဲ့ ခံယူထားပါတယ် ဒါကိုလည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ဧပြီလ(၃၀)ရက်နေ့နံနက်ပိုင်းကရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး ဆောက် လုပ်ရေးဝန်ကြီးဌာနဧ။် ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်မတော်တဆဖြစ်ပွားမှုလျော့ချရေး ရက်(၁၀၀)စီမံချက်စတင်ဆောင်ရွက်သည့်အခန်းအနားဖွင့်ပွဲ၌ သတင်းမီဒီယာများအားရှင်းလင်းပြောကြားခဲ့သည်။

ဖိုးသားကြီး
china.com Myanmar
https://www.facebook.com/china.com.mm
ကျပ် သိန်း ၁၀၀ အောက် တန်ဘိုးနည်း စံပြအိမ်ရာ စီမံကိန်းတစ်ခု တည်ဆောက်မည် ကျပ် သိန်း ၁၀၀ အောက် တန်ဘိုးနည်း စံပြအိမ်ရာ စီမံကိန်းတစ်ခု တည်ဆောက်မည် Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.