နေပြည်တော် ဧက ၁၀၀၀ ၀န်ထမ်းကြိုပို့ယာဉ် ၂ စီးတိုက်မိ၍ ၀န်ထမ်း ၃၃ ဦး ဒဏ်ရာရ



ဧပြီ ၂၉ ရက် နံနက် ၈ နာရီ ၂၅ မိနစ်အချိန် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် တိုက်အမှတ်(၁၃၆၈)အနီး သုခမြိုင်လမ်းနှင့် ရတနာမြိုင်လမ်းဆုံတွင် သုခမြိုင်လမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ဦးမောင်မောင်စိုး (အသက် ၅၂ နှစ်) မောင်းနှင်လာသော အလုပ်သမားညွှန်ကြားမှုဦးစီးဌာနပိုင် 3D-4689 ဖူဆိုအပြာရောင် ၀န်ထမ်းကြိုပို့ယာဉ်၏ ခါးလယ်ပိုင်းအား ရတနာမြိုင်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ဦးလင်းကျော် (၂၆ နှစ်) မောင်းနှင်လာသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးပိုင် 4D-5430 ဖူဆို အဖြူအပြာကြား မော်တော်ယာဉ်မှ ၀င်ရောက်တိုက်မိခဲ့သည်။



ယာဉ်နှစ်စီးတိုက်မှုကြောင့် ယာဉ်နှစ်စီးပေါ်ပါ ၀န်ထမ်း ၈၀ ဦးအနက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ မမီမီတင်ဝင်းအပါအ၀င် ကျား ၂ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၁၇ ဦးနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးဌေးလှိုင် (၂၄ နှစ်) အပါအ၀င် ကျား ၅ ဦး၊ မ ၁၁ ဦး၊ ပေါင်း ၁၆ ဦး၊ ယာဉ်နှစ်စီးပေါ်ပါ ၀န်ထမ်းစုစုပေါင်း ၃၃ ဦးတို့ ပွန်းပဲ့ဒဏ်ရာများ ရရှိသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဇမ္ဗူသီရိမြို့နယ် ယာဉ်မှုစစ်မှ အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
နေပြည်တော် ဧက ၁၀၀၀ ၀န်ထမ်းကြိုပို့ယာဉ် ၂ စီးတိုက်မိ၍ ၀န်ထမ်း ၃၃ ဦး ဒဏ်ရာရ နေပြည်တော် ဧက ၁၀၀၀ ၀န်ထမ်းကြိုပို့ယာဉ် ၂ စီးတိုက်မိ၍ ၀န်ထမ်း ၃၃ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 15:20 Rating: 5
Powered by Blogger.