ကင်ညာနိုင်ငံတွင် တရားမဝင်ဆင်စွယ် ၁၀၅ တန်ကျော် မီးရှို့ဖျက်ဆီးရန် ပြင်ဆင်


ကင်ညာနိုင်ငံ နိုင်ရိုအရပ်ရှိ တောရိုင်းတိရစ္ဆာန်ဦးစီးဌာန မှ တရားမဝင်ဆင်စွယ်များကို မီးရှို့ဖျက်ဆီးရန်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲကြောင်း ကင်ညာတောရိုင်းတိရစ္ဆာန်ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက သတင်စားရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


 တရားမဝင်ဆင်စွယ် ၁၀၅ တန်ကျော်ကို လာမည့် မေလ ၁ရက်တွင် မီးရှို့ဖျက်ဆီးရန်စီစဉ်ထားကြောင်းပြောကြားခဲ့သည်။

ထိုတရားမဝင်ဆင်စွယ် ဖျက်ဆီးရေးပွဲကို ကင်ညာသမ္မတ Uhuru Kenyatta ဦးဆောင်ပြီး၊ ဂါဘွန် သမ္မတနှင့် အခြားအာဖရိက နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်မည်ဟုသိရပါသည်။


ယခုဖျက်ဆီးမည့်ထဲတွင် ဆင်စွယ်နှင့် ကြံ့ချိုများမှာ ဆင်အကောင် ၈၀၀၀ကျော်၏အစွယ်နှင့် ကြံ့အကောင်ရေ ၃၄၃ကောင်စာ ကြံ့ချိုတို့ ပါဝင်ကြောင်း Global Times သတင်းဌာန၏ ဧပြီလ ၂၈ရက်သတင်းဖော်ပြချက်အရ သိရသည်။

ဘာသာပြန်-ခန့်ဇင်သူ(china.com)
china.com Myanmar
https://www.facebook.com/china.com.mm/
ကင်ညာနိုင်ငံတွင် တရားမဝင်ဆင်စွယ် ၁၀၅ တန်ကျော် မီးရှို့ဖျက်ဆီးရန် ပြင်ဆင်  ကင်ညာနိုင်ငံတွင် တရားမဝင်ဆင်စွယ် ၁၀၅ တန်ကျော် မီးရှို့ဖျက်ဆီးရန် ပြင်ဆင် Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.