မိုးသည်းထန်ခြင်း၊မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ နောက်လေးရက်အထိ ဆက်လက်ဖြစ်ပေါ်လာနိုင်


ရန်ကုန် ဧပြီ ၂၃

အယ်နီညို သက်ရောက်မှုကြောင့် မိုးကြိုကာလရှည်လျားလာပြီး မိုးတိမ် တောင်များ ပိုမိုဖြစ်ထွန်းကာ မိုးသည်း ထန်ခြင်း၊ မိုးသီြးေ<ွကကျခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများ နောက်လေးရက် အထိ ဆက်လက်ဖြစ်ပေါ်လာနိုင် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ဧပြီ ၂၂ ရက် ညနေပိုင်းက သုံးသပ်ပြောကြား သည်။
''မိုးတိမ်တောင်ဖြစ်နေတဲ့ ဒေသ တွေမှာ လေထုမငြိမ်မသက်မှုတွေဖြစ် နေတယ်၊ ဒီနှစ်က မိုးတိမ်တောင်ဖြစ်တဲ့ ဧရိယာ အများဆုံးပဲ၊ မိုးတိမ်တောင် အများဆုံးဖြစ်တဲ့ နှစ်လည်းဖြစ်တယ်၊ နောက်ထပ် လေးရက်လောက်ထိတော့ မိုးတိမ်တောင်ရဲ့ သက်ရောက်မှုကို ခံစားရဦးမယ်၊ နောက်ပိုင်း တဖြည်း ဖြည်းလျော့သွားမယ်''ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် အယ်နီညို သက်ရောက်မှုကြောင့် မိုးတိမ်တောင် ဖြစ်ထွန်းမှုထုထည်နှင့် ဧရိယာကြီးမား ကျယ်ပြန့်လာကြောင်း၊ မြေပြင်မှ ပေ ၁၅ဝဝ ထိုမှ စတင်ပြီး အထက် အပေါ်ပိုင်းတွင် ပေ ၅ဝဝဝဝ ကျော် အထိ ကြီးမားသည့်တိမ်တိုက်ကြီး အဖြစ် တည်ရှိနေကြောင်း၊ ဧရိယာ အားဖြင့် ကချင်ပြည်နယ်မြောက်ပိုင်းမှ တောင်ဘက်ပိုင်း မြစ်ဝကျွန်းပေါ် အစပ်အထိ ရောက်ရှိနေပြီး နေရာ အားဖြင့် ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ ကယား၊ ပဲခူး၊ ဧရာဝတီ အရှေ့ဘက်ခြမ်း၊ မွန်မြောက်ဘက်ခြမ်း အထိ မိုးတိမ်တောင်များဖြစ်ပေါ်နေ ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သုံးသပ်ထားသည်။

အဆိုပါဒေသအချို့တွင် ဧပြီ ၂၁ ရက်ညနေပိုင်းက ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊လေပြင်း များတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် အရွယ်အစားကြီးမားသည့် မိုးသီး များ ကြွေကျခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်နှင့် သစ်ပင်အချို့ ပြိုလဲ ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးတိမ်တောင်များသည် အလွန် ထူးခြားသည့် တိမ်တိုက်များဖြစ်ပြီး လျှပ်စီးလက်ခြင်း၊ မိုးချုန်းခြင်း၊ မိုးသက်လေပြင်းကျခြင်းနှင့် နေရာ ကွက်မိုးကြီးခြင်းများကို ဖြစ်ပေါ်စေပြီး မိုးတိမ်တောင်များ အထိုက်အလျောက် အားကောင်းလာပါက မိုးသီးများ ကြွေကျခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်ကြောင်း၊ ထိုထက်ပို၍ အားကောင်းပါက လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာဦးထွန်းလွင်က သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် မိုးတိမ်တောင် များ ပိုမိုဖြစ်လာသည့်အတွက် မိုးကြို ရာသီတွင် မိုးကြိုးပစ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်မိုးကြီးခြင်းများ တစ်နှစ် ထက်တစ်နှစ် အဖြစ်များလာကြောင်း ၂ဝဝ၆ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ တွင် မိုးတိမ်တောင်များ ပိုမိုဖြစ်လာ သည့်အတွက် လေဆင်နှာမောင်း တိုက်ခတ်မှုနှင့် မိုးကြိုးပစ်မှုများလာ သည်ကိုတွေ့ရကြောင်း မိုးလေဝသ မှတ်တမ်းများအရ သိရသည်။

မိုးတိမ်တောင်များကြောင့် လွန်ကဲ မှုဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်ပြီး ဆိုးကျိုးအနေဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် စိုက်ပျိုးထား သည့်စပါးများ ပျက်စီးနိုင်ကြောင်း၊ ချင်းပြည်နယ်တွင် မိုးရွာသွန်းခြင်း ကြောင့် မြေပြိုမှုများ ဖြစ်လာနိုင် ကြောင်း၊ ရွှေစက်တော်တွင် မိုးရွာ သွန်းခြင်းကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်းများ ဖြစ်ပေါ်လာနိုင် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။

ယခုနှစ်တွင် အယ်နီညို သက်ရောက်မှုကြောင့် မိုးကြိုကာလ ဖြစ်သည့် မေလတွင် ရာသီဥတု ပြောင်းလဲခြင်းများ ရှိလာနိုင်ပြီး ပထမပြောင်းလဲမှုသည် အယ်နီညို ကြောင့် မိုးတိမ်တောင်များ ပိုမို ပြင်းထန်လာကြောင်း၊ ဒုတိယအနေ ဖြင့် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက် မှုနည်းပါးသွားပြီး တတိယအနေဖြင့် မိုးရွာသွန်းမှု နည်းပါးသွားမည်ဖြစ် ကြောင်း မိုးလေဝသပညာရှင်များ က သုံးသပ်ထားကြောင်း သိရသည်။

သတင်း - မင်းသစ်
ဓာတ်ပုံ-MCCW
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးသည်းထန်ခြင်း၊မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ နောက်လေးရက်အထိ ဆက်လက်ဖြစ်ပေါ်လာနိုင်  မိုးသည်းထန်ခြင်း၊မိုးသီးကြွေကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ နောက်လေးရက်အထိ ဆက်လက်ဖြစ်ပေါ်လာနိုင် Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.