မယားကြီးနဲ့ မယားငယ် စကားများ ရန်ဖြစ် ယောကျာင်္ားဖြစ်သူ ပိုးသတ်ဆေးသောက်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါ
မယားကြီး နဲ့ မယားငယ် စကားများ ရန်ဖြစ်ကြတဲ့အတွက် စိတ်ညစ်ကာ ယောကျာင်္းဖြစ်သူက ပဲစဉ်းငုံ ပိုးသတ်ဆေးသောက်ခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံကြီးကို ယင်းမာပင်မြို့နယ် ကံစုကျေးရွာမှ ပို့ဆောင်စဉ် သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

 ဧပြီလ (၂၉) ရက် ည (၇) နာရီ မိနစ် (၄၀) က ယင်းမာပင်မြို့မ စခန်းမှာ ဒုရဲအုပ်သန်းမြတ်စိုး တာဝန်မှုးအဖြစ် တာဝန်ထမ်းဆောင်နေချိန် မုံရွာပြည်သူ့ဆေးရုံကြီးမှာ ကံစုကျေးရွာက လူတစ်ဦး အဆိပ်သောက် သေဆုံးပြီး ရောက်ရှိနေတယ်ဆိုတဲ့သတင်းအရ သက်သေတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ယင်းမာပင်မြို့နယ် ကံစုကျေးရွာနေ အသက် (၄၀) အရွယ်ရှိ ဝင်းစိုး ဖြစ်ကြောင်း သိရပါတယ်။

 ကံစုကျေးရွာနေ ဝင်းစိုး ဟာ တောင်သူလုပ်ငန်း လုပ်ကိုင်ပြီး အိမ်ထောင်ရှိကာ လွန်ခဲ့တဲ့ သုံးလခန့်က တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးနဲ့ နောက်အိမ်ထောင်ပြုကာ ရွာမှ ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

 ဧပြီလ (၁၆) ရက်က နောက်အိမ်ထောင်ပြုထားသူနဲ့ အတူ ရွာကိုပြန်လာစဉ် မယားကြီးနဲ့ မယားငယ်တို့ စကားများရန်ဖြစ်ကြရာကနေ ယောကျာင်္းဖြစ်သူ ဝင်းစိုးမှာ စိတ်ညစ်ပြီး အလူမီနီယံဖော့စဖိတ် ပဲစဉ်းငုံ ပိုးသတ်ဆေးပြား တစ်ပြား သောက်ခဲ့တယ်လို့သိရပါတယ်။

 အော့အန်နေတာ ကို သိရှိပြီး မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ဆေးကုသစဉ် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 သေမှုသေခင်းနဲ့ ပတ်သက်ပြီး သေဆုံးတဲ့ အကြောင်းရင်မှန်ကို စစ်ဆေးနိုင်ဖို့ ဒုတိယရဲအုပ်သန်းမြတ်စိုး က တရားလိုပြုလုပ်ပြီး ယင်းမာပင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၆) နဲ့ အမှုဖွင့်ကာ ယင်းမာပင်မြို့မ ရဲစခန်းမှုး ဒုတိယရဲမှုးအောင်ကျော်ထူးက စုံစမ်းစစ်ဆေး နေတယ်လို့ဆိုကြပါတယ်။

သတင်းစာသား ..... မျိုးဝင်းထွန်း ( မုံရွာ)
5 PLUS NEWS
https://www.facebook.com/5-Plus-News
မယားကြီးနဲ့ မယားငယ် စကားများ ရန်ဖြစ် ယောကျာင်္ားဖြစ်သူ ပိုးသတ်ဆေးသောက်  မယားကြီးနဲ့ မယားငယ် စကားများ ရန်ဖြစ် ယောကျာင်္ားဖြစ်သူ ပိုးသတ်ဆေးသောက် Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.