ဘင်္ဂလာဒေ့ရှ်တွင် ဗုံးကွဲ၍ လူနှစ်ဦးသေဆုံးပြီးနောက် လက်ပစ်ဗုံးအလုံး ၂၀ ဖမ်းမိ

နိရဉ္စရာ၊ ဧပြီ ၎

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲ တစ်ခုအတွင်း လူ ၂ ဦးသေဆုံးခဲ့ပြီးနောက် လက်ပစ်ဗုံး အလုံး ၂၀ အပါအ၀င် လက်နက်များ၊ ခဲယမ်းမီးကျောက်များကို ဖမ်းဆီးမိခဲ့သည်ဟု The Daily Star သတင်းစာအရ သိရသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘိုကရာ( Bogra) ခရိုင်၊ ချီပူရ် ( Shepur) မြို့နယ်တွင် ယမန်နေ့က ဗုံးပေါက်ကွဲ တစ်ခု ဖြစ်ပွားရာ လူနှစ်ဦး သေဆုံးခဲ့ပြီးနောက် ၎င်းဗုံးများနှင့် လက်နက်များကို ယင်းမြို့တွင် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဗုံးရှာဖွေရေး အဖွဲ့ဝင် ၁၂ ဦးမှ ဗုံးပေါက်ကွဲပြီးနောက် ရှာဖွေစဉ်အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

Arakan State
https://www.facebook.com/NarinjaraNews
ဘင်္ဂလာဒေ့ရှ်တွင် ဗုံးကွဲ၍ လူနှစ်ဦးသေဆုံးပြီးနောက် လက်ပစ်ဗုံးအလုံး ၂၀ ဖမ်းမိ  ဘင်္ဂလာဒေ့ရှ်တွင် ဗုံးကွဲ၍ လူနှစ်ဦးသေဆုံးပြီးနောက် လက်ပစ်ဗုံးအလုံး ၂၀ ဖမ်းမိ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.