သပိတ်ကျင်းမြိုနယ်တွင် ရုတ်တရက်လေပြင်းတိုက်


သပိတ်ကျင်း၊ ဧပြီ ၂၂

ရာသီဥတုပူပြင်းမှုကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ အခါမဲ့မိုးရွာသွန်းခြင်း များဖြစ်ပေါ်လျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့တွင် ယနေ့ မွန်းလွဲ (၂)နာရီ(၄၀)မိနစ် က ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကျခြင်း၊ မိုးရွာခြင်းများဖြစ်ပွားခဲ့ပြီး သစ်ပင်များ လဲခြင်း၊ သစ်ကိုင်းများကြိုးခြင်း၊ လူနေ အိမ်ခေါင်မိုးများလွင့်စင်ပြုတ်ထွက်ခြင်း၊ ဓါတ်အားပြတ်တောက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။


ရုတ်တရက်လေပြင်းတိုက်ခတ်ချိန်မှာ (၅ ) မိနစ်ခန့်သာကြာမြင့်ခဲ့သော် လည်း လေတိုက်နှုန်း ပြင်းထန်ခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သပိတ်ကျင်းမြိုနယ်တွင် ရုတ်တရက်လေပြင်းတိုက်  သပိတ်ကျင်းမြိုနယ်တွင် ရုတ်တရက်လေပြင်းတိုက် Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.