အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံရ


 ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံရသူ လွတ်မြောက်ရေးအတွက် ဆန္ဒပြသူတစ်ဦးကို ငြိမ်းချမ်းစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် ကျောက်ဖြူရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကျောက်ဖြူဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျေးလက်ဖွံ့ဖြိုးရေးအသင့် ဥက္ကဋ္ဌ ကိုမောင်အေးအား အေအေ ရခိုင့်တပ်မတော်နှင့် ဆက်သွယ်သည်ဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းထားပြီး လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာတွင် ကျောက်ဖြူမြို့နယ် လိပ်ခမော်ရွာနေ ကိုငပြုးယေ (ခ) ထွန်းမင်းစိုး ဆိုသူမှ အမြန်ပြန်လွှတ်ပေးရန် ယနေ့ ဧပြီလ မနက် ၉ နာရီခွဲအချိန်က ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“သူ့ကို ဖမ်းထားတယ်ဗျ။ ပုဒ်မ ၁၈ နဲ့တော့ စွဲမယ်ထင်တယ်။ ကျောက်ဖြူ မြို့မစခန်းက ဖမ်းထားတယ် ကြားတယ်” ဟု ကျောက်ဖြူဒေသခံ ကိုဝင်းအောင်က The Ladies News သို့ ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကိုငပြူးယေအား အာမခံရရန်အတွက် လိပ်ခမော်ကျေးရွာမှ တာဝန်ရှိသူများက ကျောက်ဖြူရဲစခန်းတွင် သွားထုတ်နေကြောင်း ကိုငပြူးယေ၏ မိသားစုဝင်တစ်ဦးက ညနေ ၄ နာရီအချိန်အတွင် ပြောသည်။

Photo - သတင်းရင်းမြစ် မြတန်ဆောင်ဆရာတော်
The Ladies News
https://www.facebook.com/News.TheLadies/
အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံရ  အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြသူတစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.