မန္တလေး - လားရှိုး အဆန်ရထား တွဲချော်မှုဖြစ်ပွား


ကျောက်မဲ ဧပြီ ၂၈

မန္တလေးမှ လားရှိုး အဆန် ၁၃၁ စက်ခေါင်းအမှတ်(DF 2050) စက်ခေါင်းမောင်း ဦးစိုးတင့် ရထားထိန်း ဦးဝင်းလှိုင်တို့ လိုက်ပါမောင်းနှင်လာသည့် ခရီးသည် တင် ရထားသည် ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၁း၂၀နာရီ အချိန် က ကျောက်မဲမြို့ နယ် ခိုမုန်းကျေးရွာ အုပ်စု ကုန်းသာကျေးရွာအနီး ရထားလမ်း မိုင်တိုင်အမှတ် (၄၈၈/၃-၄) ကြားအရောက်၌ ရထား တွဲချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ခရီးသည်တင် ရထားမှာ စက်ခေါင်း အပါအဝင် ၉ တွဲပါရှိပြီး ရထားတွဲ ချော် မှုကြောင့် ဆဋ္ဌမမြောက်တွဲမှ စ၍ ရထားတွဲ ၃ တွဲ တွဲချော်သွားခဲ့ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရသည်။


ခရီးသည်တင် ရထားတွဲချော်ရာနေရာသို့ ကျောက်မဲမြို့နယ် အငယ်တန်း အင်ဂျင် နီယာ (၁) သံလမ်းပိုင်း တာဝန်ခံ ဦးတင်ဝင်းနှင့် မီးရထားဝန်ထမ်း ၂၀ ဦး တို့မှ သွားရောက်ပြူပြင်ပေး လျက်ရှိပြီး တွဲချော်ရာနေရာမှ ရထားတွဲများ ကို ကျောက်မဲမြို့ ဘူတာသို့တစ်ကြိမ်လျှင် ရထားတွဲနှစ်တွဲစီဖြင့် ပို့ဆောင်ပေး လျက်ရှိကြောင်း ရထားတွဲချော်နေမှုကို အမြန်ဆုံးကောင်း မွန်စေရေး ဝိုင်းဝန်းပြုပြင် ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

(ကျောက်မဲ ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မန္တလေး - လားရှိုး အဆန်ရထား တွဲချော်မှုဖြစ်ပွား  မန္တလေး - လားရှိုး အဆန်ရထား တွဲချော်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.