ဝန်ကြီး ၆ ဦးနဲ့ စာရင်းစစ်ချုပ် တို့ကို ကချင်ပြည်နယ်လွှတ်တော် အတည်ပြု


 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အဆိုပြုတဲ့ ပြည်နယ်ဝန်ကြီး၊ စာရင်းစစ်ချုပ်၊ တရားလွှတ်တော်ချုပ်နဲ့ ဥပဒေချုပ် တို့ကို ကချင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဝေလင်း၊ ဦးနေဝင်း၊ ဦးမြသိန်း၊ ဦးဝင်းညွန့်၊ ဦး H လအောင် နဲ့ ပြင်ပက ဒေါက်တာ သင်းလွင် တို့ကို ဝန်ကြီးတွေအဖြစ် အတည်ပြုခဲ့တာပါ။ နောက်ပြီး ပြည်နယ် တရားသူကြီးချုပ်အဖြစ် အရင်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့ ဦးတူးဂျာကိုပဲ တာဝန်ပေးခဲ့တာပါ။

ပြည်နယ်ဥပဒေချုပ်ကိုတော့ ဦးဒီဆင်ရမ်နဲ့ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဦးတင်လှိုင် တို့ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးတွေရဲ့ တာဝန်ထမ်းဆောင်ရမယ့် ဋ္ဌာနတွေကို လွှတ်တော်မှာ ဒီကနေ့ ကြေညာခြင်းမရှိပေမဲ့ ဦးဝေလင်းကို စီမံကိန်းနဲ့ ဘဏ္ဍာဝန်ကြီး၊ ဦးနေဝင်းကို စည်ပင် သာယာရေးဝန်ကြီး၊ ဦးဝင်းညွန့်ကို စက်မှုလက်မှု၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဦးမြသိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီး၊ ဦးHလအောင် ကို သယံဇာတနဲ့ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပညာရှင်ဖြစ်တဲ့ ဒေါက်တာသင်းလွင် ကို လူမှုရေးရာဝန်ကြီးအဖြစ် လျာထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အဲ့ဒီပုဂ္ဂိုလ်တွေဟာ လာမယ့် မတ်လ ၈ ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကတိသစ္စာပြုမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ဝန်ကြီး ၆ ဦးနဲ့ စာရင်းစစ်ချုပ် တို့ကို ကချင်ပြည်နယ်လွှတ်တော် အတည်ပြု  ဝန်ကြီး ၆ ဦးနဲ့ စာရင်းစစ်ချုပ် တို့ကို ကချင်ပြည်နယ်လွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.