မူးယစ်ဆေးဝါးအများအပြားဖမ်းမိ


ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ်သိန်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး တွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိထားသလို လားရှိုးမြို့မှာလည်း ငွေကျပ် သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို မနေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ကျိုင်းတုံမြို့မူးယစ်ဆေးဝါးမှုမှာ ဖမ်းမိထားသူ ၅ ဦး ရှိပြီး တရားမ၀င် လက်နက်ကိုင် ဆောင်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ် အောင်အောင် က ပြောပါတယ်။

ကျိုင်းတုံမြို့နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ဆက်နွယ်မှုကို ရဲမှူးချုပ်က စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

လားရှိုး-မိုင်းယော် လမ်းမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေကို ကချင်ပြည်နယ် ဖားကန့်ဖက်ကို ပို့ဆောင်ဖို့ သယ်ဆောင်လာစဉ် ဖမ်းမိတာဖြစ်တယ်လို့ လားရှိုးမူးယစ်တပ်ဖွဲ့စုက ရဲမှူး ရဲနိုင် က ပြောပါတယ်။

လားရှိုး မိုင်းယော်လမ်းက မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူတွေက သူတို့ဟာ ငွေကျပ် သိန်း၁၅၀ အခကြေးငွေယူပြီး ပို့ဆောင်ပေးတာလို့ ထွက်ဆိုထားကြောင်း ရဲမှူး ရဲနိုင်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
မူးယစ်ဆေးဝါးအများအပြားဖမ်းမိ  မူးယစ်ဆေးဝါးအများအပြားဖမ်းမိ Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.