ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခခြင်းနှင့် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ကြောင်း ထပ်မံသတင်းရရှိ


 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခခြင်းနှင့် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ကြောင်း ထပ်မံသတင်းရရှိ

မုံရွာ ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတစ်နေရာကို ဗဟိုပြုပြီး ဧပြီလ ၁၃ရက်နေ့ည (၀၈း၂၅) နာရီတွင် (၆.၈) ရစ်ချစကေး အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ် မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အချို့တွင် ဘုရားကျောင်း ကန်များမှ စေတီပုထိုးအချို့ ထီးတော်မြေခခြင်းနှင့် ကွဲအက်ခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် ကနီမြို့နယ် ကင်းကျေးရွာ အုပ်စု၊ အထက်ကင်းကျေးရွာမှ ရွှေမုဌောစေတီ ထီးတော် ယိုင်ခြင်း၊ ခုံကြီးကျေးရွာအုပ်စု၊ မြောင်းကုန်းကျေးရွာမှ မင်းကုန်းဆုတောင်းပြည့်စေတီ စိန်ဖူးတော်မြေခ ဘုရားရင်ပြင်အက် ကွဲခြင်း၊ ချောင်းမကျေးရွာ အုပ်စု ချောင်းမ အရှေ့ရွာမှ ဆုတောင်းပြည့်စေတီ သပိတ်မှောက် အောက်ဖက်တွက် အက်ကြောင်းဖြစ်ပေါ်ပြီး ထီးတော်ယိုင်ခြင်း၊ နတ်ကြီးကျေးရွာအုပ်စု ရွာသာကျေးရွာမှ ရွှေဆံတော်ကျောင်းတိုက် စေတီတစ်ဆူ စိန်ဖူးတော်မြေ ခခြင်း၊ ကင်းတောင်ကျေးရွာအုပ်စု ခိုတွင်း ကျေးရွာမှ ဘုန်းတော်ကြီးကျောင်း ဘုရားဆောင်အက်ကွဲခြင်း၊ မုဌောကျေးရွာအုပ်စု မုဌောအနောက် ရွာမှ ရွှေမုဌော ကျောင်းအတုလပုညရှင် ထိုင်တော်မူဘုရားကြီး တံတောင် ဆစ်အက် (ဥာဏ်တော် ၆ ပေ)ခြင်း၊ သမင်ခြံကျေးရွာအုပ်စု သမင်ခြံ ကျေးရွာမှ အဘယချမ်းသာ ကြာမှောက်ကြာလန် ကြာဖူးအက်ကွဲ ပလ္လင်အထက် အက်ကွဲ (ယခင်တစ်ကြိမ် လှုပ်ခတ်သဖြင့် ကွဲအက်ရာမှ ထပ်မံကွဲအက်)ခြင်းနှင့် မင်းမကျေးရွာရှိ စေတီအက်ကွဲခြင်း၊ ကနီမြို့ပေါ် ရပ်ကွက်(၂)ရှိ ရွှေ သိမ်တော် တောရကျောင်း သိမ်ကျောင်းဆောင် တိုင် အက်ကွဲခြင်းနှင့် ရှင်ဘုရင် စစ်သားဘုရား ထီးတော်ထပ်မံယိုင် (ယခင်တစ်ကြိမ်လှုပ်ခတ်သဖြင့် ထီးတော်ယိုင်ခဲ့ဖူးခြင်း)ခြင်းများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


အလားတူ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာ တမာပင်ရပ် ရပ်သစ်ကျောင်းတိုက် အနောက်ဖက်တွင် တည်ထားကိုးကွယ်သည့် ဥာဏ်တော်အမြင့် (၅၀)တောင်ရှိ ရွှေမြင်တင်စေတီ ထီးတော်မြေခခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာ တောင်ပေါ်ကျောင်း တိုက် မြောက်ဖက်ရှိ နှစ်ပေါင်း (၁၅၀)ကျော် သက်တမ်းရှိ ရှစ်မျက်နှာစေ တီကျောက် ထီးတော်မြေခပျက်စီးပြီး ဘုရားရှေ့ရှိ ကျောက်ထီး (၆)ခု ပျက်စီးခြင်း၊ ယင်းကျောင်းတိုက်ရှိ ဦးဘိုးဝန်စေတီ၊ မယ်ပေါင်းမယ်စေတီနှင့် အခြားစေတီ(၂)ဆူတို့ ကွဲအက်ပြီး ထီးတော်စောင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်တွင်လည်း ရွာရှည်ကျေးရွာ အုပ်စု ၀က်မှေး-ကံတော ကျေးရွာသစ်ရှိ ကံတောကျောင်း တိုက် နှစ် ထပ်ကျောင်းဆောင်၏ အပေါ်ထပ်လှေကားအတက် အနောက်ဖက် နံရံတွင် (၅)ပေကျော်ခန့် အထက်အောက် အက်ကျောင်းနှင့် လှေကား အတက် အောက်ထပ်တွင် (၄)ပေခန့် အက် ကြောင်း(၂)ခုနှင့် အထက်အောက် (၅)ပေခန့် ဖြစ်ပွားခဲ့ကြောင်း နောက်ဆက်တွဲသတင်း ထပ်မံ ရရှိပါသည်။

(တိုင်းဒေသကြီး ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခခြင်းနှင့် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ကြောင်း ထပ်မံသတင်းရရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီအချို့ ထီးတော်မြေခခြင်းနှင့် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ကြောင်း ထပ်မံသတင်းရရှိ Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.