နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

ဓါတ်ပုံ - ဝင်းကိုကိုလတ်/ RFA ( နိုင်ငံတော်သမ္နတ ဦးတင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီတို့ ဧပြီလ ၆ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံနေစဉ် )

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တရုတ်နိုင်ငံကို လည်ပတ်ဖို့ ဖိတ်ကြားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တာကို ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ Xi Jinping က ပြောကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယီ (Wang Yi) က ပြောပါတယ်။

ဒီကနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

မြန်မာပြည်သူတွေ အကျိုးရှိမယ်ဆိုရင် တရုတ်နိုင်ငံအပါအ၀င် မည်သည့်နိုင်ငံနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ လက်ကမ်းကြိုဆိုဖို့ အသင့်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ပြောပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးလက္ခဏာအဖြစ် နေပြည်တော်မှာ တရုတ်သံရုံး တည်ဆောက်ဖို့ ကိစ္စကိုလည်း ဆွေးနွေးတယ်လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းကိစ္စ သီးခြားဆွေးနွေးတာမရှိဘဲ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ယေဘူယျအားဖြင့် ခြုံပြီးဆွေးနွေးတာသာရှိကြောင်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား  နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.