ရန်ကုန်လေထု ညစ်ညမ်းမှုနှုန်း အလွန်မြင့်မားနေ


ရန်ကုန်လေထု ညစ်ညမ်းမှုသည် WHO စံနှုန်း သတ်မှတ်ချက်ထက် မြင့်မားနေကြောင်း ရန်ကုန်မြို့၏ လေထုအရည်သွေး တိုင်းတာမှုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ၂၀၁၅ ခုနှစ် မတ်လတွင် စတင်တိုင်းတာခဲ့ပြီး လေထုညွှန်းတမ်း ရလဒ်များကို ဧပြီလအတွင်း ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့၏ လေထုအရည်အသွေးကို စောင့်ကြည့်လေ့လာရန် နေရာ ၆၇ နေရာရှိသည့် အနက် သုံးနေရာကို အထိုင်တပ်ဆင်ကာ ကျန် ၆၄ နေရာကို ရွေးလျားတိုင်းတာခြင်း၊ ကွင်းဆင်း စောင့်ကြည့်လေ့လာခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် 499.6 ppm အထိရှိပြီး WHO ၏ စံနှုန်းသတ်မှတ်ချက်မှာ ၃၄၅ သာရှိသည်။ မီသိန်းဓာတ်ငွေ့မှာ ၈၄၂.၂၃ ပီပီအမ် ရှိပြီး WHO စံနှုန်းသတ်မှတ်ချက်သည် ၁၆၀ ရှိကာ ကျန်ဓာတ်များမှာ WHO စံနှုန်းသတ်မှတ်ချက်ထက်လည်း ပိုများနေသည်ဟု ရလဒ်တွင်ဖော်ပြထားသည်။

ရန်ကုန်လေထု တိုင်းတာမှုရလဒ်အရ မီသိန်းဓာတ်များရခြင်းမှာ မြို့တော်ခန်းမရှေ့ ရေပန်းမှထွက်လာသော ရေမှုန်ရေမွှားများနှင့် မော်တော်ယာဉ်များမှ ထွက်ရှိလာသော ကာဗွန်များ ဓာတ်ပြုခြင်းကြောင့်ဖြစ်ပြီး ကျန်နေရာများ တွင် မီသိန်း ဓာတ်များရခြင်းကို လေ့လာဆန်းစစ်ရဦးမည် ဖြစ်ကြောင်းသိရသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကာဗွန်ဒိုင်အောက်ဆိုဒ်များရခြင်း အကြောင်းရင်းကိုလည်း လေ့လာဆန်းစစ်ရဦးမည်ဖြစ်ပြီး တိုင်းတာမှုမှ ရရှိလာသည့် ကိန်းဂဏန်းများကို နှိုင်းယှဉ်လေ့လာ၍ စံချိန်စံညွှန်း ထက်ပိုနေသော နေရာများကို ကွင်းဆင်းလေ့လာပြီး နောက် လေထုညစ်ညမ်းမှု ဖြစ်စေသောအရာများကို လျှော့ချပေးနိုင်မည့် စီမံကိန်းတစ်ခုကို ရေးဆွဲမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo - Zwe Htet Fb
ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
ရန်ကုန်လေထု ညစ်ညမ်းမှုနှုန်း အလွန်မြင့်မားနေ  ရန်ကုန်လေထု ညစ်ညမ်းမှုနှုန်း အလွန်မြင့်မားနေ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.