ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


လားရှိုး ဧပြီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့တွင် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် မြန်မာရိုးရာ မဟာ သင်္ကြန် ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့ ညနေ(၄)နာရီခွဲအချိန်က လားရှိုးမြို့ ၊မြို့တော် ခန်းမရှေ့ရှိ ရေသဘင်မဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ လားရှိုးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကံမြိုင် က နှစ်သစ်အကြို နုတ်ခွန်းဆက် အမှာစကားပြောကြားသည်။


ဆက်လက်၍ တွဲဖက်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ဦး၊ ပြည်နယ်စည်ပင် သာယာရေး ကော်မတီ ဒုတိယဥက္ကဌ ဦးစိုင်းဆိုင်ပူး၊မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ ဦးကံမြိုင် ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိုင်းဇော်မင်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ဦးလွယ်မောင်းတို့က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ၊ဌာနဆိုင်ရာ နှင့် ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များ၊တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့က “လားရှိုးမြို့ရဲ့မဟာသင်္ကြန်” သီချင်းဖြင့် သံပြိုင်သီဆို ကပြဖျော်ဖြေကြသည်။

 အဆိုပါ အခမ်းအနားသို့ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊မြို့မိမြို့ဖများ၊ မဟာသင်္ကြန်ယိမ်းအကအဖွဲ့များ၊တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ တက်ရောက်ကြကြောင်းသိရှိ ရသည်။

ဟန်ဌေး (လားရှိုး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.