အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူဦးရေ သည် ၄၁ ဦး အထိ မြင့်တက်လာ

အီကွေဒေါ ငလျင်ကြောင့် ပျက်စီးခဲ့သည့် ကားများအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အီကွေဒေါ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

    အီကွေဒေါနိုင်ငံ ကမ်းရိုးတန်း အနီးကို ဗဟိုပြု၍ ဧပြီလ ၁၆ ရက်က ပြင်းအား ရစ်ခ်ျတာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် ၄၁ ဦး အထိ မြင့်တက်လာခဲ့ကြောင်း အီကွေဒေါ ဒုတိယသမ္မတ Jorge Glas ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာ တစ်ခု က ဖော်ပြခဲ့သည်။

ပထမ ငလျင်ကြီး လှုပ်ခတ်ပြီး တစ်နာရီ အကြာတွင် ငလျင်ငယ် များစွာ ထပ်မံ လှုပ်ခတ်ခဲ့ပြီး အချို့မှာ ပြင်းအား ရစ်ခ်ျတာ စကေး ၅.၆ ရှိကြောင်း သိရသည်။

အီကွေဒေါ နိုင်ငံသည် မီးတောင် ပေါက်ကွဲမှုနှင့် ငလျင် လှုပ်ခတ်မှု အကြိမ် အရေအတွက် များပြားသည့် ဒေသတွင် တည်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူဦးရေ သည် ၄၁ ဦး အထိ မြင့်တက်လာ  အီကွေဒေါ ငလျင်ကြောင့် သေဆုံးသူဦးရေ သည် ၄၁ ဦး အထိ မြင့်တက်လာ Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.